ကချင်ပြည်နယ်ဝန်ကြီးချုပ် သီတင်းကျွတ်အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲအား ကြည့်ရှုအားပေးကာ ဆုချီးမြှင့်
မြစ်ကြီးနား အောက်တိုဘာ ၁၇ ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ပိုက်ကျော်ခြင်း ဆပ်ကော် မတီတို့ ပူးပေါင်းကျင်းပသည့် သီတင်းကျွတ်အထိမ်းအမှတ် အမျိုးသား (၃)ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားအား အောက်တိုဘာလ ၁၇ ရက် ညနေ ၃ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကာ ဆုများပေးအပ်ချီးမြှင့်ခဲ့ သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဥ်အဖြစ် အံတော်ရှင်(က)အသင်းနှင့်ကျောင်းသားကလပ်အသင်းတို့ အကြိတ်အနယ် ယှဥ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ အံတော်ရှင်(က)အသင်းက ၂ပွဲပြတ်ဖြင့်အနိုင်ရဗိုလ်စွဲသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးများက အမျိုးသား (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံး ဆုရရှိသောအားကစားသမားများနှင့် ပွဲစဥ်တစ်လျှောက် အကောင်းဆုံး ကစားသမားအား ငွေသားဆုနှင့် ဆုတံဆိပ်များအားပေးအပ်ချီးမြှင့်သည်။ ဆက်လက်ပြီး…