ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များနှင့် အောင်ပွဲရ ပြည်နယ်လက်ရွေးစင်ဝူရှူးအသင်းတို့အား ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား အောက်တိုဘာ ၂၉ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သော ပြိုင်ပွဲဝင်များနှင့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝူရှူးအားကစားပြိုင်ပွဲတွင် အောင်ပွဲရ ပြည်နယ်လက်ရွေးစင်ဝူရှူး အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၈ ရက် ညနေ ၅ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ဂုဏ်ပြုချီးမြှင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို ကချင်ပြည်နယ်၏ ဂုဏ် ကို အနုပညာနှင့် အားကစားတို့ဖြင့် မြှင့်တင်ပေးခဲ့ကြသူများအားလုံး၏ စွမ်းဆောင်နိုင်မှုများကို မိမိတို့ အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင်ဂုဏ်ယူသလို ယခုရရှိထားသည့် အောင်မြင်မှုများတွင် ရပ်တန့် မနေဘဲ နောင်လာမည့် ပြိုင်ပွဲများတွင်လည်း ယခုထက်ပိုမို အောင်မြင်အောင်…