ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီး/ ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဇူလိုင် ၂           ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်ကိုယ်စားပြု အမျိုးသား/ အမျိုးသမီးလက်ရွေးစင် ပိုက်ကျော် ခြင်းအသင်းတို့အား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ဇူလိုင် ၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။           အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်လက်ရွေးစင်အသင်း နည်းပြများက ပြိုင်ပွဲဝင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုကို ရှင်းလင်းတင်ပြရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြိုင်ပွဲဝင်အားကစားသမားများနှင့် နည်းပြ၊ အုပ်ချုပ်သူများအား ပြိုင်ပွဲတွင် တစ်ဦးနှင့် တစ်ဦး နားလည်မှုရှိရှိ၊ စည်းလုံးညီညွတ်စွာဖြင့် ယှဉ်ပြိုင်ကစားသွားကြရေး၊ အားကစားစိတ်ဓာတ်ဖြင့် အသန့်ရှင်းဆုံးယှဉ်ပြိုင်ပြီး ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်ကြစေလိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှု၊ တရုတ်စကားပြောအခြေခံသင်တန်းနှင့် လူငယ်စကားဝိုင်း‌ဆောင်ရွက်မှု၊ ရိုးရာဂျပ်ခုတ် သင်တန်းကျောင်း သင်တန်းဖွင့်လှစ်နေမှုများကို တက်ရောက်အားပေး

မြစ်ကြီးနား     ဇူလိုင် ၂           ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ရုံးဝင်းအတွင်း၌ ၂၀၂၂ခုနှစ် ဇူလိုင် ၃ ရက် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ စုပေါင်း၍ ဇူလိုင် ၂ ရက် နံနက် ၈ နာရီတွင် သန့်ရှင်း‌ရေး ပြုလုပ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။           စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ရုံးဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊ ရေနှုတ်မြောင်းများ တူးဖော်ဆယ်ယူခြင်းလုပ်ငန်းများ စုပေါင်းဆောင် ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည် နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရုံးဝင်း ပြုပြင်ဆောင်ရွက်ရန်ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ သန့်ရှင်းရေးဆောင်ရွက်နေ ကြသည့် တပ်ရင်းတပ်ဖွဲ့မိသားစုများအား…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

မြစ်ကြီးနား  ဇူလိုင်   ၁           ၂၀၂၂ခုနှစ်၊ အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်မည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲအား  ကချင်ပြည်နယ်မှ ပါဝင်ယှဉ်ပြိုင်နိုင် ရေး  တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၁ ရက် နံနက်  ၁၀ နာရီက  ပြည်နယ်အစိုးရအဖွဲ့၊ မလိခခန်းမ၌  ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ အစည်းအဝေးတွင်  ကချင်ပြည်နယ်အဆင့်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ  ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က အဖွင့်အမှာစကားပြောကြားရာတွင်  ဗဟိုအဆင့်ပြိုင်ပွဲအား  ကချင်ပြည်နယ် အနေဖြင့်  ဘာသာရပ်အလိုက်  အဆင့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စနစ်တကျ အချိန်မီ ရွေးချယ်၍  ကြိုတင်လေ့ကျင့်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ အဆင့်အတန်းမီ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီအသင်း/အဖွဲ့(၁၀)ဖွဲ့ထံ တိုင်းရင်းသားပုံပြပုံပြင် စာအုပ်(၂၀၀၀၀) ကျော် ဖြန့်ဝေပေးအပ်သည့်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

မြစ်ကြီးနား     ဇွန် ၃၀ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ကချင်ပြည်နယ်ရုံးမှ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များထံ တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များ ဖြန့်ဝေပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၃၀ ရက် နံနက် ၈ နာရီက အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် အမှာစကားပြောကြားသည်။ အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် ယနေ့ပေးအပ်မည့် ပုံပြပုံပြင်စာအုပ်များကို ကလေးများထံ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးပေးရန် လိုအပ်ပါကြောင်း၊ သို့မှသာ တိုင်းရင်းသားကလေးများအနေဖြင့် မိမိဘာသာစာပေကို သင်ကြားခွင့်ရရှိသည့်အပြင် အခြားဘာသာစာပေများကို သင်ယူလေ့လာရာတွင် လည်း နားလည်မှုစွမ်းရည်ပိုမိုဖွံဖြိုးတိုးတက်စေမည်ဖြစ်ပါကြောင်း၊ ထိုအပြင် တိုင်းရင်းသားဘာသာ စာပေ သင်ကြားရေးနှင့်ပတ်သက်၍ ယခင်ကထက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာပြီဖြစ်သည့် အတွက် တိုင်းရင်းသားများအနေဖြင့်မိမိတို့စာပေဖွံ့ဖြိုးတိုးတက်ရေး ရရှိလာသည့် အခွင့်အရေးများကို လက်လွတ်မခံဘဲ အတူတကွလက်တွဲကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီး ဖားကန့်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဖားကန့်         ဇွန်     ၂၉          ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တူ ဖားကန့်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို  ဇွန်(၂၈)ရက် နံနက် (၁၁)နာရီက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။  ရှေးဦးစွာ ပြည်နယ်ဝန်ကြီးများသည် မိုးညှင်းခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဌ ဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဌ၊ တာဝန်ရှိသူများနှင့်အတူ မြို့နယ်ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းမှ ဖားကန့်-လုံးခင်းလမ်းပိုင်း(မော်ဝမ်းရပ်ကွက်၊ ရှမ်းမဆီဆိုင်မှ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအထိ) အရှည်ပေ(၉)ထောင်ကျော်ကို လမ်းအကျယ်(၂၄)ပေရှိ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့်  ဖားကန့်မြို့အဝင် လမ်းကျဉ်းသည့်နေရာ၌ တောင်နံရံအားဖြို၍ လမ်းတိုးချဲ့‌ဆောင်ရွက်နိုင်‌ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။  ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်‌ဆောင်သည် တာဝန်ရှိသူများနှင့်အတူ မော်ဝမ်းရပ်ကွက်အတွင်း ရပ်မိရပ်ဖများ၏ တင်ပြချက်အရ ဌာနဆိုင်ရာရုံးများနှင့် ဒေသခံပြည်သူများ‌ နေထိုင်လျက်ရှိသည့်လမ်း၊ မူရင်းနှစ်ခြင်းအသင်းတော် ဘုရားကျောင်းသွားလမ်းတို့အား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ တာဝန်ထမ်းဆောင်ရန်သွားရောက်ကြမည့် ဆရာ/ ဆရာမများနှင့် ချီဖွေနှင့်တနိုင်းခရိုင်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား     ဇွန် ၂၉           ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွင်း အခြေခံပညာကျောင်းများသို့ တာဝန်ထမ်းဆောင်ရန်သွားရောက်ကြမည့် မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ အား ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၉ ရက် နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အင်ဂျန်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများကို လိုအပ်သည့် ကျောင်းသုံးကိရိယာများ၊ ပညာရေးဝန်ထမ်းများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး အခြေခံစားသောက်ကုန်များကို ယနေ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ဆရာ/ ဆရာမများ အေးချမ်းပျော်ရွှင်စွာ ပညာသင် ကြားနိုင်ရေးအတွက်ကိုလည်း အဖွဲ့အစည်းအသီးသီးနှင့် ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်ပေးထားပါ…

Read More

မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ငြိမ်းချမ်းရေးဓာတ်တော်တိုက် စေတီတည်ထားကိုးကွယ်နိုင်ရေး ပန္နက်တော်တင်၊ တွင်းတော်ဝန်း ရတနာအုတ်မြစ်တော်စီနှင့် ပထမအကြိမ် အလှူတော်ငွေပေးအပ်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

မြစ်ကြီးနား     ဇွန် ၂၉           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ဝန်းသိုဘုန်းတော်ကြီးကျောင်းလမ်း ဧရာဝတီမြစ်ကမ်းဘေးတွင် ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီတော် တည်ထားကိုးကွယ်နိုင်ရေး အတွက် ပန္နက်တော်တင်၊ တွင်းတော်ဝန်း ရတနာအုတ်မြစ်တော်စီနှင့် ပထမအကြိမ်အလှူတော်ငွေ ပေးအပ်ပွဲ မင်္ဂလာအခမ်းအနားကို ဇွန် ၂၉ ရက် နံနက် ၈ နာရီက အဆိုပါစေတီတော် တည်ထား ကိုးကွယ်မည့် ဝတ္တကမြေနေရာ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ  ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ ထံမှတက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာ တော်၊ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ချီးမြှင့်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့်  ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်  တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် သူနာပြု-သားဖွား ဒီပလိုမာ ပထမနှစ် သင်တန်းသား/သင်တန်းသူ များအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားသို့တက်ရောက်ချီးမြှင့်

မြစ်ကြီးနား     ဇွန် ၂၈ ကျန်းမာ‌ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ကချင်ပြည်နယ် မြစ်ကြီးနားသူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းတို့မှ အရည်ချင်းစစ် စာမေးပွဲ အောင်မြင်ခဲ့ကြသော သူနာပြု-သားဖွားဒီပလိုမာ ပထမနှစ် သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားကို ဇွန် ၂၈ ရက် နံနက် ၉နာရီက သူနာပြု သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်  အမှာစကား ပြောကြားသည်။ ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်က “သူနာပြုနှင့်သားဖွား အတတ်ပညာအား သင်ယူနေကြ‌သော သင်တန်းသား/သင်တန်းသူများအနေဖြင့် အရည်အချင်းပြည့်ဝတဲ့ သူနာပြုများဖြစ်လာရန်အတွက် ပထမခြေလှမ်းအနေနဲ့ သင်တန်းတက်ရောက်နေစဥ်ကတည်းကပင်  သူနာပြုအတတ်ပညာများအား ကျွမ်းကျင် တတ်မြောက်အောင်ဆည်းပူးခြင်း၊ သူနာပြုကျင့်ဝတ်များကို စောင့်ထိန်းခြင်းနှင့် သင်တန်း ကာလတွင် ချမှတ်တဲ့စည်းကမ်းများကို တသွေမသိမ်းလိုက်နာကြပြီး သင်တန်းကာလပြီးဆုံးသည် အထိ ကြိုးစားကြစေလိုကြောင်း၊ ဒါ့အပြင် သူနာပြုဆရာ၊ဆရာမများ ဖြစ်လာသည့်အခါမှာလည်း သူနာပြုတစ်ဦးရဲ့ ကျင့်ဝတ်နဲ့အညီ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ် လမ်းဘေးဝဲ/ယာများတွင် အရိပ်ရသစ်ပင်များ စုပေါင်းပါဝင်စိုက်ပျိုး

မြစ်ကြီးနား     ဇွန် ၂၇           ဇွန် (၂၇) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သစ်ပင်စိုက်ပျိုး‌ရေးနေ့ အထိမ်းအမှတ် ကချင် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၇ ရက် နံနက် ၈နာရီက မြစ်ကြီးနားမြို့ တက္ကသိုလ်ဝင်းအတွင်းရှိ မိန်းလမ်းမနှင့် မန်ခိန်‌-ရွှေစက်လမ်းမ၊ ဗလမင်းထင်တံတားမှ ဆွမ်ပရာဘွမ်လမ်းအထိ လမ်းဘေး ဝဲ/ယာများတွင် အရိပ်ရ အပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။           ရှေးဦးစွာ ကမ္ဘာ့သစ်ပင်စိုက်ပျိုး‌ရေးနေ့ အထိမ်းအမှတ် စိုက်ပျိုးသွားမည့် ပျိုးပင်များအား ပြည်နယ်သယံဇာတ‌ရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ဖြန့်‌ဝေပေးအပ်ကြရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး…

Read More

မြစ်ကြီးနားမြို့၌ ပထမအကြိမ် ရှမ်းမျိုးနွယ်စုဝင် တိုင်းလိုင်တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ (၆၁)ဦး သင်ရိုးသစ် ဆရာအတတ်သင်(TOT) သင်တန်းဆင်း

မြစ်ကြီးနား     ဇွန် ၂၇           ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုဝင် တိုင်းလိုင်(ရှမ်းနီ)မျိုးနွယ်စုဝင်များ အတွက်  တိုင်းလိုင် (ရှမ်းနီ)စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ပထမအကြိမ် အဖြစ် တိုင်းလိုင်(ရှမ်းနီ)တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ (၆၁)ဦးတို့အား ဇွန် ၂၂ ရက်မှ ဇွန် ၂၆ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့သော Great – I နှင့် Great II သင်ရိုးသစ် ဆရာ အတတ်သင် (TOT) သင်တန်းဆင်းပွဲကို ဇွန် ၂၆ ရက် နံနက် ၁၁ နာရီတွင် မြစ်ကြီးနားမြို့ ခေမာသီရိ ရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။           သင်တန်းဆင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏…

Read More