ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူ များအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဇူလိုင် ၁၅           ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို အမှတ် (၃)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ဘက်စုံပညာကိုရည် ဒို့လှမ်းချီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အခက်အခဲများကြားမှ ကြိုးစားပြီး သင်ယူ/ သင်ကြားခဲ့ကြကာ ယခုလို အောင်မြင်မှုကို ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါ ကြောင်း၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများကလည်း နိုင်ငံတော်တည် ဆောက်ရာတွင် ထူးချွန်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးစား ကြရန်လိုကြောင်း၊ ထို့အပြင်…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၁၄           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာရေး၊ သွားလာမှုလွယ်ကူလျင်မြန်ပြီး ယာဉ်အန္တရာယ်ကင်းဝေးရေးအတွက် စည်ပင်သာယာ ရေးအဖွဲ့မှ လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင်သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်က စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၃ ရက် ညနေပိုင်း က ကွင်းဆင်းစစ်ဆေးခဲ့သည်။           ထိုသို့ကွင်းဆင်းစစ်‌ရေးရာ ပြည်နယ်ဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ ရာဒါကောင်းနယ်မြေအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင် ရွက်သွားမည့် တပ်ကုန်းရပ်ကွက် နယ်မြေ(၉)၊ ရာဒါကောင်းနယ်မြေ(၁၁)နှင့် ကြာရာပတ္တီးနယ်မြေ ခြင်းဆက် ဂျူဗလီလမ်း ပေ ၁၀၀၀ အား ကတ္တရာလမ်းအဖြစ် ခင်းကျင်းဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ရာဒါကောင်းနယ်မြေအတွင်း ပြည်နယ်ရန်ပုံငွေဖြင့် နှစ်ခြင်းဘုရားကျောင်းအဝင် လမ်း ၃၄၀၀ ပေအား ကတ္တရာလမ်းခင်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားတို့၏ တိမ်မြှုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းပြသနိုင်ရေး၊ သုတေသနပြုလုပ်နိုင်ရေး တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၁၄           ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ တိမ်မြှုပ်ပျောက်ကွယ်လုနီးပါးဖြစ် နေသည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းပြသနိုင်ရေးနှင့် ဒြပ်ရှိ/ဒြပ်မဲ့ယဉ်ကျေး မှုအမွေအနှစ်များ သုတေသနပြုထိန်းသိမ်းနိုင်ရေးအတွက် ဇူလိုင် ၁၄ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပြည်နယ်ယဉ်ကျေးမှုပြတိုက် အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။           ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားတို့၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်မြှင့်တင်ပေးနိုင်‌ရေး အားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် ယဉ်ကျေးမှု ပြတိုက်နှင့် ချိတ်ဆက်ပေါင်းစပ်ပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ပြသရာတွင် လည်းကောင်း၊ သုတေသနပြုလုပ်ငန်း ဆောင်ရွက်ရာတွင်လည်းကောင်း ထိရောက်အကျိုးရှိစေရေး အတွက်  အကြံပြုဆွေးနွေးကြရန်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ အိမ်ထောင်စုနှင့်လူဦးရေစာရင်း Data Base ရေးသွင်းခြင်းလုပ်ငန်းစတင်ဆောင်ရွက်နိုင်ရေးဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၁၃           ကချင်ပြည်နယ်အတွင်းရှိ အိမ်ထောင်စုနှင့်လူဦးရေစာရင်း(ပုံစံ ၆၆/ -၆) ပါအချက်အလက်များ အား Data Base ရေးသွင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဌာနဆိုင်ရာများနှင့် ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရာတွင် မဲစာရင်းများ တိကျမှန်ကန်စေရေး၊ နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက် ရမည့်သူများ စနစ်တကျဆောင်ရွက်ပေးရေးတို့သည် လွန်စွာအရေးကြီးကြောင်း၊ ထို့ကြောင့် ပြည်နယ် သူ ၊ ပြည်နယ်သားများနှင့် မိမိတို့နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အိမ်ထောင်စုနှင့်လူဦးရေစာရင်း (ပုံစံ ၆၆/၆)များ တိုက်ဆိုင်စိစစ် စာရင်းရေးသွင်းခြင်း လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၊ အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ကျောင်းသား/ကျောင်းသူလေးများ၏ ဘောလုံးပြိုင်ပွဲအား တက်ရောက်ဆုချီးမြှင့်

မြစ်ကြီးနား     ဇူလိုင် ၁၂           ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော ကျောင်းသား လူငယ်များ ဖြစ်လာစေရေး၊ ကျောင်းအားကစားမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရေး ရည်ရွယ်၍ မြစ်ကြီးနားမြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား၊ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဇူလိုင် ၁၁ ရက် ညနေ ၄ နာရီတွင် အဆိုပါကျောင်း ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် တာဝန်ရှိသူများက တက်ရောက်အားပေးသည်။           နောက်ဆုံးဗိုလ်လုပွဲစဉ်တွင် အမျိုးသမီးဘောလုံးအသင်းများဖြစ်ကြသည့် ဗန္ဓုလအသင်းနှင့် အလောင်းဘုရားအသင်းတို့ ယှဉ်ပြိုင်ကစားကြမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်ပညာ‌ရေးမှူးနှင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူလေးများ ကြည့်ရှု အားပေးခဲ့ကြရာ အလောင်းဘုရားအသင်းက ဗန္ဓုလအသင်းအား တစ်ဂိုး…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိုးရာသီ ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများ တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဇူလိုင် ၁၁           နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်သင်ကြား နေသော အတန်းအသီးသီးမှ ကျောင်းသား/ ကျောင်းသူများအတွက် မိုးရာသီ ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ နှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီခွဲက အဆိုပါကျောင်းဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။           ဖွင့်ပွဲအခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က နိုင်ငံတော်အစိုးရအနေဖြင့် အားကစားကဏ္ဍ တိုးတက်မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်လျက်ရှိရာတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်နေ    သကဲ့သို့ တက္ကသိုလ်အသီးသီးမှလည်း စိတ်အားထက်သန်စွာ တာဝန်ယူ ပူးပေါင်းဆောင်ရွက်မှသာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နည်းပညာတက္ကသိုလ် ကျောင်း သား/ကျောင်းသူများအနေဖြင့် မိမိတို့၏ မူလပန်းတိုင်ဖြစ်သည့် အင်ဂျင်နီယာကောင်းများ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ဆွမ်ပရာဘွမ်၊ ဖုန်ဂန်ရာဇီ၊ ဆဒုံးဘွမ်မောင်နှမ ဆောင်များနေ ကျောင်းသား/ ကျောင်းသူများအား တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား     ဇူလိုင် ၁၀           ၂၀၁၉ -၂၀၂၀ ၊ ၂၀၂၁ – ၂၀၂၂ ၊  ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်များအတွက် မြစ်ကြီးနားတက္ကသိုလ်၌ ဆွမ်ပရာဘွမ်၊ ဖုန်ဂန်ရာဇီ၊ ဆဒုံးဘွမ်မောင်နှမဆောင်များတွင် နေထိုင်၍ ပညာသင်ကြားလျက်ရှိ သော အဆောင်နေကျောင်းသား/ ကျောင်းသူများအား  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ဇူလိုင် ၉ ရက် ညနေ ၆ နာရီခွဲက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ခဲ့သည်။           တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို တက္ကသိုလ်တွင် ပညာရပ်အသီးသီးကို သင်ယူ ဆည်းပူးနေစဉ်ကာလအတွင်း ကျောင်းဆောင်တွင် အတူနေထိုင်ခွင့်ရရှိပြီး အသိပညာ၊ အတတ်ပညာ အလိမ္မာများတိုးပွားအောင် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက် ကြရန်လိုကြောင်း၊ ထို့အပြင် ပြည်နယ်နှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းများမှ အိမ်ထောင်စု (၆)စုတို့အား ငွေပျော်စံပြကျေးရွာသို့ ပြောင်းရွှေ့နေရာချထားပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

မြစ်ကြီးနား     ဇူလိုင် ၉            ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဂျာမိုင်ကောင်း ကတ်သလစ်အသင်းတော်နှင့် မန်ခိန်နှစ်ခြင်းအသင်းတော်များမှ နေရပ်စွန့်ခွာယာယီတိမ်းရှောင်စခန်းနေ အိမ်ထောင်စု (၆)စု၊ လူဦး ရေ ၃၉ ဦးတို့အား ၎င်းတို့ဆန္ဒအရ မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာသို့ ပြောင်းရွှေ့နေရာချထား ပေးရာ ဇူလိုင် ၉ ရက် မွန်းလွဲ ၁ နာရီက ကျေးရွာဘက်စုံသုံးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမ၌ နေရပ်စွန့်ခွာယာယီတိမ်းရှောင်စခန်းနေ အိမ်ထောင်စုများ အား ပြောင်းရွှေ့နေရာချထားပေးခြင်းနှင့် ထောက်ပံ့ပေးအပ်ခြင်းအခမ်းနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အနေဖြင့် နေရပ်စွန့်ခွာစခန်းနေပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ရေး‌၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စီမံဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ယနေ့ ပြောင်းရွှေ့နေရာချထားပေးသည့် မိသားစုဝင်များအနေဖြင့် နေရာသစ်တွင် လိုအပ် ချက်များရှိနေမည်ဖြစ်သော်လည်း…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့က နိုင်ငံဂုဏ်ဆောင်အားကစားသမားများနှင့် အောင်ပွဲရပြည်နယ် လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဇူလိုင် ၉           ၂၀၂၂ ခုနှစ် ၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည့် ကချင်ပြည်နယ်မှ နိုင်ငံလက်ရွေးစင်အားကစားသမားများနှင့် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများ တံခွန်စိုက်ဒိုင်းဆုရ ပြည်နယ်လက်ရွေးစင်အမျိုးသမီးဘောလီ ဘောအသင်း၊ အောင်ပွဲရကစားသမားများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင် ၈ ရက် ညနေ ၆ နာရီခွဲတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။           ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို နိုင်ငံ့ဂုဏ် နှင့် ပြည်နယ်၏ ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးကြသည့် ကစားသမားများအားလုံး၏ စွမ်းဆောင် နိုင်မှုများကို မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ အားကစား အဆင့်အတန်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အသက် (၅)နှစ်မှ (၁၂)နှစ်အောက် ကျောင်းသားကလေးငယ်များအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေး

မြစ်ကြီးနား     ဇူလိုင် ၇           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဦးတည် အုပ်စု အလိုက် ကိုဗစ်ကာကွယ်ဆေးများ လွှမ်းခြုံထိုးနှံပေးလျက်ရှိရာ ဇူလိုင် ၇ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အောက် ကျောင်းသားကလေးငယ်များအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ပြည်နယ်    ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။           အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မြတ်သက်ဦးနှင့် တပ်မတော်အရာရှိ ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ ကျောင်းခန်းမ၌ ကလေးငယ်များအား ကျန်းမာရေး ဝန်ထမ်းများနှင့် တပ်မတော်ဆေးအဖွဲ့များ၊ သူနာပြုများက ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုကို…

Read More