
မြစ်ကြီးနားမြို့၌ သင်္ကြန်အကြတ်နေ့ မဟာသင်္ကြန်မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ရေကစားသူများဖြင့် အေးချမ်းပျော်ရွှင်စွာ ရေကစားသူများဖြင့်စည်ကားနေ
မြစ်ကြီးနား ဧပြီ ၁၅ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ဧပြီ ၁၅ ရက်တွင် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တို့တွင် ရေကစား သူများ၊ လည်ပတ်သူများဖြင့် အေးချမ်းပျော်ရွှင်စွာ ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေသဘင်မဏ္ဍပ်များသို့ သွားရောက်ပြီး ပြည်သူများနှင့်အတူ ပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများသည် မြစ်ကြီးနားလေတပ်စခန်းဌာန ချုပ်မိသားစု အတာရေသဘင်ပွဲတော်သို့ တက်ရောက်ကြပြီး လေတပ်စခန်းဌာနယိမ်းအဖွဲ့များ၊ ခေတ်ပေါ်တေးသီချင်းများ သီဆိုဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြကာ လေတပ်စခန်းဌာနချုပ် တပ်ရင်းတပ်ဖွဲ့မိသားစုများနှင့်အတူ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။ ထိုမှတဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်သို့ သွားရောက်ပြီး…