ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ၊ ရုံးဝတ်စုံများနှင့် သင်္ကြန်ဝတ်စုံများ ထောက်ပံ့

မြစ်ကြီးနား     ဧပြီ ၁           ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင် တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား သင်္ကြန်ကာလအတွင်း နေထိုင်စားသောက်မှု အဆင်ပြေ စေရေးအတွက် အခြေခံစားသောက်ကုန်များ၊ ရုံးဝတ်စုံများနှင့် သင်္ကြန်ဝတ်စုံများကို ထောက်ပံ့ပေး အပ်ခြင်းအခမ်းအနားကို ဧပြီ ၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဝန်ထမ်းများ အနေဖြင့် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လုပ်ငန်းခွင်နှင့် မိသားစုအခက်အခဲများကို ကြံ့ခိုင်စွာ ကျော်ဖြတ်ပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ အနေဖြင့် ဝန်ထမ်းများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိသည်ဟု မှတ်ယူပါ ကြောင်း၊ ဒါ့ကြောင့် ယနေ့ထောက်ပံ့မှုသည် ပြည့်စုံခြင်းမရှိသော်လည်း ဝန်ထမ်းမိသားစုတစ်စုခြင်းစီ အတွက် အတိုင်းအတာတစ်ခုအထိ…

Read More

မြစ်ကြီးနားမြို့၌ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဧပြီ ၁           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၂ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်) မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု များကို ပြည်နယ်အစိုးရဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် တာဝန်ရှိသူများက မတ် ၃၁ ရက် ညနေပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ မြစ်ကြီးနားမြို့ ရုံးကြီးလမ်းနှင့် မြို့တော်ခန်းမရှေ့လမ်းထောင့်၌ စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် ရေကစား မဏ္ဍပ်တည်ဆောက်နေမှုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးနှင့် တာဝန်ရှိ သူများ၏ ရှင်းလင်းတင်ပြမှုကို ပြည်နယ်ဝန်ကြီးက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည် များကို ဖြည့်စွက်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။           ထိုမှတစ်ဆင့် မင်းရပ်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ပြည်သူ့ရင်ပြင်နှင့် အပန်းဖြေအားကစားကွင်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

မြစ်ကြီးနား     မတ် ၃၁           ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ကော်မတီ၏ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များအပေါ် အရေးယူဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ရင်းနှီးမြှုပ်နှံ မှုကော်မတီ၏ (၂/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီခွဲ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာပြည်နယ်ဝန်ကြီးချုပ် တက်ရောက် အမှာစကားပြောကြား သည်။ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီအဖွဲ့အစည်းများကို ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုပေးနိုင်ရေး၊ ခွင့်ပြုပြီးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးချက်များနှင့် ပတ်သက်၍ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ပွင့်လင်းမြင်စွာ ချပြဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။           ထို့နောက်ကော်မတီအတွင်းရေးမှူး၊ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွန်းကြားမှူးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက ပြည်နယ်ကော်မတီ၏၁/၂၀၂၂…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရေး ICRC အဖွဲ့အား လက်ခံတွေ့ဆုံ

မြစ်ကြီးနား     မတ် ၃၁           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ အပါအဝင် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအတွက် မတ် ၃၁ ရက် နံနက် ၁၀ နာရီ တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဒုတိယဌာနေကိုယ်စားလှယ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့သည်။           ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ICRC မှ မြန်မာနိုင်ငံဒုတိယဌာနေကိုယ်စားလှယ်၊ ကချင်ပြည်နယ်တာဝန်ခံနှင့် အဖွဲ့တို့က ပြည်နယ်အတွင်း ‌နေရပ်စွန့်ခွာယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းစဉ်များအတွင်း ပူးပေါင်းဆောင်ရွက်နေမှုကိစ္စရပ်များ၊ ICRC ၏ အကူအညီပေးရေး လုပ်ငန်းစဉ်များဖြစ်သည့် ကျန်းမာရေး၊ သောက်သုံးရေရရှိရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အထောက်အပံ့အကူအညီဖြစ်စေရေး လုပ်ငန်းစီမံချက် များ ဆောင်ရွက်ပေးလျက်ရှိသည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေလုံခြုံရေးအရ ခေတ္တတိမ်းရှောင်လာသော ဆွတ်ပီယန်ဒေသခံ ပြည်သူများ နေရပ်ပြန်လည်ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများအား တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား     မတ် ၃၀           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ပူတာအိုခရိုင်အတွင်းရှိ ဆွတ်ပီယန်ကျေးရွာအုပ်စုနှင့် လုံရှာယန်ကျေးရွာအုပ်စုများမှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့နယ်အတွင်း နေရပ် စွန့်ခွာတိမ်းရှောင်လာသော ဒေသခံပြည်သူများအား ၎င်းတို့၏ နေရပ်ကျေးရွာများသို့ ပြန်လည် နေထိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ရာ မတ် ၃၀ ရက် နံနက် ၇ နာရီခွဲတွင် စီတာပူရပ်ကွက်ရှိ မနောကွင်း အတွင်း စုရပ်ပြုလုပ်ပြီး နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။           မနောကွင်းအတွင်း စုရပ်ပြုလုပ်၍ နေရပ်စွန့်ခွာ တိမ်း‌ရှောင်လာသော ပြည်သူများအား နေရပ် ပြန်လည်နေထိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ပြန်လည်လိုက်ပါပို့ဆောင်ပေးကြမည့် ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များမှ ဘုန်းတော်ကြီးများ၊ တာဝန်ရှိသူများနှင့် တိမ်းရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။ ထို့သို့ တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လမ်းခရီးတွင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာသို့ ပြန်လည်အခြေချနေထိုင်မည့် နေရပ်ပြန်(IDPs) အိမ်ထောင်စု (၇၃)စုတို့အား အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများနှင့် အိမ်မိုးသွပ်များ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     မတ် ၂၈           ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်နန်ဆန်ယန်ကျေးရွာသို့ ပြန်လည်အခြေချ နေထိုင်ကြမည့် နေရပ်စွန့်ခွာယာယီခိုလှုံရာစခန်းနေ(IDPs) အိမ်ထောင်စု (၇၃)စုတို့အား အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများနှင့် အိမ်မိုးသွပ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို မတ် ၂၈ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နေရပ်စွန့်ခွာ ပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ အလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေ သကဲ့သို့ အဖွဲ့အစည်းအသီးသီးကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်နေကြပါကြောင်း၊ ယနေ့ နေရပ် နန်ဆန်ယန်ကျေးရွာသို့ ပြန်လည်အခြေချနေထိုင်မည့် အိမ်ထောင်စုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲကျင်းပ

မြစ်ကြီးနား     မတ် ၂၆           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနား ခရိုင်၊ ဝိုင်းမော်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲကို မတ် ၂၆ ရက် နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်သည် မြန်မာ-တရုတ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင်ရှိနေပြီး ကုန်စည်စီးဆင်းရာလမ်းကြောင်းပေါ်တွင် အဓိကကျသည့် မြို့နယ်ဖြစ် သည့်အတွက် အချိန်တိုအတွင်း လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာပါကြောင်း၊ ထို့ကြောင့် မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ကြရေး၊ တာဝန်ထမ်းဆောင်ရာတွင် ဝန်ထမ်းစည်းကမ်းများနှင့်အညီ ရိုးသား ကြိုးစားစွာလုပ်ကိုင်ဆောင်ရွက်ကြရေးနှင့် မိမိတို့၏ လုံခြုံရေးအတွက် အထူးဂရုစိုက် ဆောင်ရွက်ကြ ရန်လိုအပ်ပါကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကျောင်းသား/သူများ အားလုံးကို ကိုဗစ်-၁၉…

Read More

ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းမျိုးနွယ်စုအားလုံးပါဝင်သည့် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ကျင်းပ

မြစ်ကြီးနား     မတ် ၂၆           ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ အားလုံးပါဝင်သည့် ပြည်နယ်တိုင်းရင်း သားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ပထမဆုံးအကြိမ် အဖြစ်ဖွင့်ပွဲကို မတ် ၂၅ ရက် ညနေ ၃ နာရီတွင် မြစ်ကြီးနားမြို့ရှိ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။           ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကချင် မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုး၊ ဗမာတိုင်းရင်းသား ဘောလုံးအသင်းသားများအား ဒီကနေ့ ကျင်းပပြုလုပ်သည့် ပြိုင်ပွဲသည် ပြည်နယ်အတွင်း ပထမဦးဆုံးကျင်းပသည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး အနှစ်သာရ ပြည့်ဝကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့အစိုးရအဖွဲ့နှင့် တိုင်းရင်းသားမျိုးနွယ်စုများအကြား အပြန်အလှန်ယုံကြည်မှု၊ လေးစား မှုများကို မြင့်တွေ့နိုင်သကဲ့သို့ မျိုးနွယ်စုအချင်းချင်း စည်းလုံးညီညွတ်စေမှုကို ပြသသည့်အပြင် မျိုးနွယ်စုများအကြား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျောင်းသား/သူများအပါ အဝင် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လတ်တလော နယ်မြေလုံခြုံရေးအခြေအနေအရ နေရပ်စွန့်ခွာတိမ်းရှောင်လာသော ပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     မတ် ၂၅           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဝေးလံခက်ခဲ သောဒေသများအပါအဝင် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်ရောဂါကာကွယ်ဆေး လွှမ်းခြုံ ထိုးနှံမှုလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)ကို မတ် ၂၅ ရက် နံနက် ၁၁ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပေးနိုင် ရေးသည် အလေးထားလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်တစ်ခုဖြစ်ပါကြောင်း ၊ ထို့ကြောင့် ဝေးလံ ခက်ခဲသည့် ဆော့လော်၊ ဖီမော်၊ လန်ဆယ်၊ အင်ဂျန်းယန်၊ ခေါင်လန်ဖူး၊ ရှိန်းခေါင်ဒေသများရှိ ပြည်သူများအား…

Read More

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစား ပြိုင်ပွဲများတွင် တံခွန်စိုက်ဒိုင်းဆုရ အေရိုးဗစ်အသင်းနှင့် အောင်ပွဲရ ကချင်ပြည်နယ်ကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     မတ် ၂၄           (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ကချင်ပြည်နယ်ကိုယ်စားပြု တံခွန်စိုက်ဒိုင်းဆုရ အေရိုးဗစ်အသင်းနှင့် အောင်ပွဲရမြန်မာ့သိုင်းအသင်းတို့မှ အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို မတ် ၂၄ ရက် နံနက် ၁၁ နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ဂုဏ်ပြုပွဲအခမ်းအနားတွင် အောင်ပွဲရ အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ ပြည်ထောင်စုနေ့၏ စိန်ရတုနှစ်ဖြစ်သော ၂၀၂၂ ခုနှစ်တွင် မိမိတို့ပြည်နယ် ၏အားကစားကဏ္ဍသည် ထူးခြားအောင်မြင်သည့် နှစ်ဟုဆိုနိုင်ပါကြောင်း၊ ပြည်နယ်အေရိုးဗစ် အသင်းအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အေရိုးဗစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဆု ဆွတ်ခူးရရှိခဲ့ သလို ပြည်နယ်မြန်မာ့သိုင်းအသင်းကလည်း ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ နောင်နှစ်များတွင်လည်း ယခုနှစ်ကဲ့သို့ အောင်မြင်မှု…

Read More