Tags :ကချင်ပြည်နယ်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း ဆီထွက်သီးနှံများဖြစ်သည့် နေကြာအပါအဝင် အခြားဆီထွက်သီးနှံများ ခရိုင်အလိုက် တိုးချဲ့စိုက်ပျိုးနိုင်ရေး ညှိနှိုင်းအစည်းအ‌ဝေးပြုလုပ်

မြစ်ကြီးနား     မတ် ၁၂           ကချင်ပြည်နယ်အတွင်း ဆီထွက်သီးနှံများဖြစ်သည့် နေကြာအပါအဝင် အခြားဆီထွက်သီး ထပ်သီးနှံများ ခရိုင်အလိုက် တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စီမံချက်ရေးဆွဲရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မတ် ၁၁ ရက် ညနေ ၄ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်သည် စိုက်ပျိုး ရေးကို အခြေခံပြီး သဘာဝမြေဆီမြေနှစ်များ၊ ရေအရင်းအမြစ်ပေါများသည့် ပြည်နယ်တစ်ခုဖြစ် ပါကြောင်း၊ သို့သော်မိမိတို့ ပြည်နယ်အနေဖြင့် စားသုံးဆီဖူလုံမှုသည် ရာခိုင်နှုန်းအားဖြင့် ၅၀ ရာခိုင်နှုန်းသာရှိနေသည့်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်းချက်နှင့်အညီ ပြည်တွင်း ဆီစားသုံးမှုဖူလုံစေရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် နေကြာအပါအဝင် မြေပဲ၊ နှမ်း၊ ပန်းနှမ်း နှင့် ဆီမုန်ညှင်းများကို တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီက အောက်စီဂျင်စက်ရုံ အသစ်တစ်လုံး ထပ်မံတည်ဆောက်သွားမည်

မြစ်ကြီးနား     မတ် ၉ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်ကြက်ခြေနီ‌ကြီးကြပ်မှုကော်မတီက ကိုဗစ် – ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး၊ ပြည်နယ်အတွင်း Oxygen လိုအပ်မှုအား ထောက်ပံ့ ကူညီနိုင်ရေးအတွက် အေးစေတီရပ်ကွက်ရှိ ကော်မတီပိုင် ဥယျာဉ်ခြံအတွင်း အောက်စီဂျင်စက်ရုံ သစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အောက်စီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက်  မြန်မာနိုင်ငံကြက်ခြေနီအသင်း ထံမှ Oxygen Plant နှင့်အတူ 150 KVA မီးစက်တစ်လုံးကို ထောက်ပံ့ပေးပို့ခဲ့ခြင်းဖြစ်ရာ မတ် ၈ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ပြီး ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဘရန်ဒီးနှင့် တာဝန်ရှိသူတို့က စစ်ဆေးလက်ခံခဲ့ကြသည်။ အောက်စီဂျင်စက်အား မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်ရှိ ကချင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီပိုင်ဥယျာဉ်ခြံအတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး အောက်စီဂျင်စက်ရုံ စတင်လည်ပတ်ပါက မြစ်ကြီးနားမြို့ရှိ ကုတင် […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးလွှမ်းခြုံထိုးနှံမှု ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မတ် ၈           ကချင်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဝေးလံခက်ခဲသော ဒေသများ အပါအဝင် ကာကွယ်ဆေးလွှမ်းခြုံထိုးနှံမှု ရာနှုန်းပြည့် ပြည့်မီအောင် ထိုးနှံပေးနိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ခရိုင်ကော်မတီ ဥက္ကဋ္ဌများ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၈ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။        &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၁-၂၀၂၂ ခုနှစ်၊ (၆)လဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးနိုင်‌ရေး

မြစ်ကြီးနား     မတ် ၈           ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၁-၂၀၂၂ခုနှစ်၊(၆)လဘဏ္ဍာရေးနှစ်ပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ သတ်မှတ်ဘဏ္ဍာရေးနှစ် အတွင်း အချိန်မီပြီးစီးနိုင်ရေး ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မတ် ၈ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ဥပဒေနှင့်အညီ စည်းကမ်းတကျ ဆောင်ရွက်နိုင်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မတ် ၇           ကချင်ပြည်နယ်အတွင်း မြန်မာ – တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ဥပဒေနှင့်အညီ စစ်ဆေးကြပ်မတ်၍ စည်းကမ်းတကျဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို မတ် ၇ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက် အမှာစကားပြော ကြားသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ကချင်ပြည်နယ် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မိုင်ပေါင်း ၆၀၀ ကျော် တစ်ဆက်တစ်စပ်တည်း ဆက်စပ် နေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းမှ တစ်ဆင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိသော အခွင့်အလမ်းကောင်းများ ဖန်တီးနိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကန်ပိုက်တီ၊ လွယ်ဂျယ်နယ်စပ်ဂိတ်များအပြင် ပန်ဝါနှင့် ဖီမော်နယ်စပ်ဂိတ်များကိုလည်း ကုန်စည် စီးဆင်းနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)၏ စတုတ္ထအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းပွဲသို့တက်ရောက်

မြစ်ကြီးနား မတ် ၆ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)၏ စတုတ္ထအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲအား မတ်လ ၆ ရက်နေ့ နံနက် ၉နာရီခွဲ အချိန်က မြစ်ကြီးနားမြို့ ၊ပမ္မတီးရပ်ကွက် အဆိုပါကျောင်းရှိ ဧရာမြစ်ဆုံခန်းမတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ တက်ရောက် သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က “မိမိတို့ ကချင်ပြည်နယ်သည် မြေပေါ် မြေအောက် သယံဇာတများ ပြည့်စုံကုံလုံနေရုံသာမကဘဲ တိုးချဲ့စိုက်ပျိုးရန် မြေလွတ် မြေလပ်များ ရှိနေသေးခြင်း၊ မြေဆီ၊မြေနှစ်ကောင်းမွန်ခြင်း အစရှိသည့် သဘာဝ အားသာချက်များရှိသည့်အတွက် အလယ်အလတ် အဆင့် စိုက်ပျိုးရေးပညာရှင်များဖြစ်တဲ့ ကျောင်းဆင်းမောင်မယ်တို့အနေနဲ့ ‌စျေးကွက် လိုအပ်ချက်နှင့် […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းကျင်းပပြုလုပ်

မြစ်ကြီးနား     မတ်  ၅ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး ပြည်နယ်တရားရေးဦးစီးမှူးများ / ခရိုင်တရားသူကြီးများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၏ (၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို မတ်လ ၅ ရက်နေ့ နံနက် ၉:၀၀ နာရီ အချိန်က ကချင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးတူးမော်၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးခင်မောင်မြင့်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် တရားရုံးများမှ တရားရေး အရာရှိများ၊ တရားသူကြီးများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲတွင် ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာမှ ပြည်ထောင်စုတရားသူကြီးချုပ်က အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ပြန်လည်ထူထောင်ရေးစခန်း(မြစ်ကြီးနား)၌ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းဆင်း

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၈           ကချင်ပြည်နယ်ပြန်လည်ထူထောင်ရေးစခန်း (မြစ်ကြီးနား)၌ မူးယစ်ဆေးဖြတ်ပြီးသူများ အတွက် စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း(၂/၂၀၂၂)သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ လယ်ကုန်ရပ်ကွက်ရှိ အဆိုပါစခန်းသင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။           သင်တန်းဆင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက သင်တန်းသားများအနေဖြင့် အမှားကိုသိပြီး အမှန်ပြုပြင်ခဲ့ကြသည့်သူများဖြစ်၍ အားငယ် စရာမလိုဘဲ ဘဝကို အကောင်းဆုံး နှင့် အခက်အခဲများကို ကျော်ဖြတ်နိုင်ပြီး အောင်မြင်မှုရရှိအောင် လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်းနှင့် မိမိတို့အနေဖြင့်လည်း တိုင်းပြည်၏ သားကောင်းများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို ပစ်ပယ်မထားဘဲ လမ်းမှန်ပေါ်သို့ ပြန်လည် ပြုပြင်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ သွားရောက်ပါဝင်ခဲ့သည့် ပြည်နယ်ကိုယ်စားပြုအုပ်ချုပ်မှုအဖွဲ့နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြု

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၅           နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်း အနားသို့ သွားရောက်ပါဝင်ခဲ့ကြသော ကချင်ပြည်နယ်ကိုယ်စားပြု အုပ်ချုပ်မှုအဖွဲ့နှင့် တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့များအား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ  ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။         &Read More