ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ ရေစင်ကွင်းဈေး၊ လေဆိပ်ရှေ့ပန်းခြံဆောင်ရွက် နေမှုနှင့် အေးမြသာယာဈေး၌ ညဈေးတန်းဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဒီဇင်ဘာ ၂၄ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ ရေစင်ကွင်းဈေး အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ လေဆိပ်ရှေ့ပန်းခြံ ဆောင်ရွက်နေမှုနှင့် အေးမြသာယာဈေး၌ ညဈေးတန်း ဖွင့်လှစ်ရောင်းချနိုင်ရေးတို့အတွက် ဒီဇင်ဘာ ၂၄ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ရေစင်ကွင်းဈေး အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် အတူ ရေစင်ကွင်းဈေးအား မြို့အင်္ဂါရပ်နှင့်အညီ ဈေးရောင်း/ ဈေးဝယ်များ စနစ်တကျဖြင့် ရောင်း/ဝယ်မှု ဆောင်ရွက်နိုင်ရေး၊ ယာဉ်ကြီးယာဉ်ငယ်များ ပိတ်စို့ရပ်တန့်မှု မဖြစ်ပေါ်စေရေးတို့ အတွက်ကြီးမားကျယ်ပြန့်သည့် ကားပါကင်ပါသည့် အဆောက်အဦအဖြစ် အဆင့်မြှင့်တင်ဆောက် လုပ်သွားနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က မြို့ပြဖွံ့ဖြိုးလာမှုနှင့်အတူ ရေရှည်အတွက် မျှော်မှန်းဆောင်ရွက်သွားရေး၊…