Tags :ကချင်ပြည်နယ်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ် ဝန်ကြီးချုပ်က ဝိုင်းမော်မြို့ နယ်အတွင်းရှိ“ပန်းခင်း”စီမံချက်ဖြင့်ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စီစစ်ရေး ကတ်ပြားများအားပေးအပ်ပြီး ကချင်ပြည်နယ်အတွင်းရှိ

မြစ်ကြီးနား        နိုဝင်ဘာ ၁၀             လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဝိုင်းမော်မြို့နယ်ဦးစီးမှူးရုံး ၏ “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားအား နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၈နာရီအချိန်က ၀ိုင်းမော်မြို့ အမှတ်(၁) ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း တေဇခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန် ၊ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီး များနှင့်  ဌာနဆိုင်ရာတာ၀န်ရှိသူများ တက်ရောက် သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က“ပြည်သူများရဲ့ လူမှုရေး ၊စီးပွားရေး၊ကျန်းမာရေး ၊ပညာရေး အစရှိသော နေရာများမှာ အိမ်ထောင်စုဇယား နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားအား မရှိမဖြစ် လိုအပ်ပြီး အသုံးပြုနေရခြင်း ဖြစ်သည့်အတွက် ယခုကဲ့သို့ “ပန်းခင်း”စီမံချက်ဖြင့် လွယ်လွယ်ကူကူဖြင့် ရပ်ကွက်/ကျေးရွာ […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကြိုတင် ပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

မြစ်ကြီးနား         နိုဝင်ဘာ ၁ဝ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကြိုတင် ပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအ‌‌‌‌ဝေးအား နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီ အချိန်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှိ အစည်းအ‌ဝေး ခန်းမ(၁)တွင် ကျင်းပပြုလုပ်ရာ ဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က   ပြည်ထောင်စု ‌ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ချမှတ် ထားသောရှေ့ လုပ်ငန်းစဥ် (၅) ရပ်အရ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပရာတွင် မဲဆန္ဒရှင်စာရင်းပြုစုခြင်းသည် အဓိက  အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် အားလျော်စွာ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် ပြည်ထဲရေး ၀န်ကြီးဌာန ၊လူ၀င်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား၀န်ကြီးဌာနတို့မှ သက်ဆိုင်ရာ ဦးစီးဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း  တိုက်တွန်းပြောကြားသည်။ ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် ဦးဘရန်ရှောင် […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့အဝေးပြေးယာဉ်ရပ်နားစခန်းတည်ဆောက်နိုင်ရေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးများဆောင်ရွက်

မြစ်ကြီးနား     နိုဝင်ဘာ ၉           ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်အတွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့်ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။           ရှေးဦးစွာ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဗန်းမော်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဗန်းမော်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိရေးနှင့်ကုန်စည်စီးဆင်းမှုလျင်မြန်ချောမွေ့လာစေရေးအတွက် ဗန်းမော်မြို့တွင် ခေတ်မီ စနစ်ကျသည့်အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်အကောင်အထည်ဖော်နိုင်ရေးကို ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ်နည်းပြ၊ သရုပ်ပြဆရာသစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များသို့ တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲများသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၈           ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ် နည်းပြ၊ သရုပ်ပြဆရာသစ်လွင်ကြိုဆိုပွဲ၊ မွမ်းမံ သင်တန်းဖွင့်ပွဲအခမ်းနားနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်များသို့ တက်ရောက်ပညာသင်ကြားကြ မည့် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ များကို ကချင်ပြည်နယ်ဝန်ကြီးချုပ်က နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။           မြစ်ကြီးနားတက္ကသိုလ် နည်းပြ၊ သရုပ်ပြဆရာသစ်လွင်များအား ကြိုဆိုပွဲကို မြစ်ကြီးနား တက္ကသိုလ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံဖွံ့ဖြိုးရေး အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနေသည့် တက္ကသိုလ်များသည် အဓိကအခန်းမှ ပါဝင်နေသောကြောင့် တက္ကသိုလ်များ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျပါ ကြောင်း၊ ထို့ကြောင့် ယနေ့ နည်းပြ၊ သရုပ်ပြဆရာများအား လှိုက်လှဲစွာ ကြိုဆိုသည့်အပြင် နိုင်ငံ ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ဆောင်ရန်၊ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်းမှ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် သောတောင်သူများထံသို့ စိုက်ပျိုးချိန်အမှီ မြေသြဇာအိတ်များထောက်ပံ့ပေးအပ်

ဝိုင်းမော်         နိုဝင်ဘာ ၆           ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝိုင်းမော်မြို့နှင့် မိုင်းနားကျေးရွာအုပ်စုအတွင်းမှ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်းဝင် တောင်သူများအတွက် စိုက်ပျိုးချိန်အမှီ မြေသြဇာအိတ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးအတွက် စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)ပညာပေးသင်တန်းကို နိုဝင်ဘာ ၆ ရက် နံနက် ၉ နာရီ တွင် ဝိုင်းမော်မြို့ နန့်မြစ်ခချောင်းဘေး ဟင်းသီးဟင်းရွက်စိုက်ခင်းအတွင်း၌ ကျင်းပပြုလုပ်သည်။     &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မိုးကောင်းမြို့နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၏ စာပေယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းနှင့် ထောက်ပံ့ခြင်းများဆောင်ရွက်

မြစ်ကြီးနား     နိုဝင်ဘာ ၅           ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၏ လိုအပ်ချက်များနှင့် စာပေယဉ်ကျေးမှုများ ရှာဖွေဖော်ထုတ်သိမ်းသိမ်းနိုင်ရေးအတွက် ညှိနှိုင်းဆွေး နွေးဆောင်ရွက်မှုများကို ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် မိုးကောင်းမြို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ပြည်နယ်တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ မိုးကောင်းမြို့၊ ဒေဝဘုန်းတော်ကြီး ကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေ များကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တိုင်းခမ်းတီဗဟိုစာပေယဉ်ကျေးမှုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဆရာဖြစ်သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံပြီး တိုင်းခမ်းတီစာပေယဉ်ကျေးမှုနှင့် တိုင်းခမ်းတီသံဃ သာသနနုဂ္ဂဟအသင်းတို့၏ ရှေးပုရပိုက်များမှ သုတေသနပြုဘာသာပြန်ပြုစု ထိန်းသိမ်းခြင်းလုပ် ငန်းများနှင့် ကွန်ပျူတာစနစ်ဖြင့် [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ် ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ပေါ်ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာများ ပြုစုစောင့်‌ရှောက်ရေး စခန်းများသို့ ကိုဗစ်ကာကွယ်ရေး သုံးပစ္စည်းများနှင့်

မြစ်ကြီးနား            နိုဝင်ဘာ ၅ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရပ်ဖက် အဖွဲ့အစည်းများ ဘာသာရေးအဖွဲ့အစည်းများဖြင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွှဲ ၂ နာရီတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ပေါ်ရှိ ကတ်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေး စခန်းများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ကို ပေးအပ်ခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်‌ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့  အောင်နန်း ရပ်ကွက်ရှိ စိန်ကိုလန်ဘန်ကဒီဒြယ် ကတ်သလစ် အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစု စောင့်ရှောက်ရေး စခန်း၌ […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ် မြစ်ကြီးနားဘူတာယာဒ်ဝန်း အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     နိုဝင်ဘာ ၃           မြန်မာပြည်မြောက်ဖျား မြန်မာ့မီးရထားလမ်းဆုံးဖြစ်သော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှိ မြန်မာ့မီးရထားဘူတာယာဒ်ဝန်းအား စီးပွားရေး၊ လူမှုရေးဧရိယာတစ်ခုအဖြစ် အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပပြုလုပ်သည်။           မြန်မာ့မီးရထား၊ မြစ်ကြီးနားဘူတာယာဒ်ဝန်း အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေးနှင့် ပတ် သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်မှာကြားချက်များ နှင့်အညီ မိမိတို့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိတည်ရှိနေသည့် မြစ်ကြီးနား ဘူတာရုံအား ပြည်နယ်၏ ကုန်သွယ်စီးပွားရေးရပ်ဝန်းတစ်ခုအဖြစ် ခေတ်နှင့်လျော်ညီပြီး မြို့တော် အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆွေးနွေး၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်

မြစ်ကြီနား      နိုဝင်ဘာ ၂           ကချင်ပြည်နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ အား ခရိုင်များသို့ တာဝန်ပေးအပ်ပွဲနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အထိ (၅)နှစ် ဒေသန္တရစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် မြစ်ကြီးနားမြို့၌ Safe & Sure Auto Service Read More