
ကချင်ပြည်နယ်အဆင့် ပန်းခင်း စီမံချက်အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် စိန့်ဂျိုးဇက်IDPs စခန်းမှ အိမ်ထောင်စု (၃၃)စုတို့အား ဆွတ်ကြိုင်နယ်မြေသို့ ပြောင်းရွှေ့နေရာချထားပေးပြီး ထောက်ပံ့မှုများ ဆောင်ရွက်
မြစ်ကြီးနား နိုဝင်ဘာ ၂၅ ကချင်ပြည်နယ်အဆင့် ပန်းခင်း စီမံချက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မ တီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝိုင်းမော်မြို့နယ်အတွင်း စိန့်ဂျိုးဇက် IDPs စခန်းမှ အိမ် ထောင်စု (၃၃)စုတို့အား ဆွတ်ကြိုင်နယ်မြေသို့ ပြောင်းရွှေ့နေရာချထားပေးပြီး ထောက်ပံ့မှုများ ဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၂၅ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ က ဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ နံနက် (၉)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အဆင့် ပန်း ခင်းစီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ဦးစီး ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပန်းခင်းစီမံချက်ဖြင့် မြန်မာနိုင်ငံသား တိုင်းရင်းသားနှင့် ဥပဒေအရနိုင်ငံသားအားလုံးကို…