ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ သီတင်းကျွတ်အခါသမယ ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများနှင့် အပန်းဖြေပန်းခြံတို့တွင် လူအများဖြင့် စည်ကား
မြစ်ကြီးနား အောက်တိုဘာ ၂၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အပါ အဝင် သီတင်းကျွတ်ရုံးပိတ်ရက်များတွင် ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများ၊ အပန်းဖြေပန်းခြံများတွင် ရောင်စုံမီးအလှများထွန်းညှိ၍ လူအများဖြင့် အောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အေးချမ်းစွာ စည်းကားသိုက်မြိုက်လျက်ရှိသည်။ &Read More