
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ICRC မှ ဆေးစိမ်ခြင်ထောင်များ လှူဒါန်းပွဲသို့ တက်ရောက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအတူ မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား သြဂုတ် ၁၁ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)မှ ဆေးစိမ်ခြင်ထောင်များ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူးနှင့်အတူ မြစ်ကြီးနားမြို့ပေါ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား သြဂုတ် ၁၁ ရက် နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ICRC မှ ကိုဗစ်-၁၉ အတည်ပြုလူနာဆောင်များတွင် အသုံးပြုရန် ဆေးစိမ်ခြင် ထောင်များ ပေးအပ်လှူဒါန်းပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က ICRC အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း များတွင် စဉ်ဆက်မပြတ်ပါဝင်ဆောင်ရွက်လျက်ရှိနေပြီး ယခုလို ကိုဗစ်-၁၉အတည်ပြုလူနာဆောင် များတွင် အသုံးပြုရန်အတွက် ပစ္စည်းများ ထပ်မံပေးအပ်လှူဒါန်းမှုကိုလည်း…