ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား သြဂုတ် ၂၆ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် နေရပ်စွန့်ခွာပြည်သူများအတွက် စိုက်ပျိုးမွေးမြူရေးတိုးမြှင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်ခြင်းကို သြဂုတ် ၂၆ ရက် တွင် ဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် နံနက် ၇ နာရီခွဲတွင် ပြည်နယ်ဝန် ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ဈေး၌ ဈေး ရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြကာ နေအိမ်ပြင်ပ ထွက်တိုင်း နှာခေါင်းစည်း စနစ်တကျတပ်ဆင်ကြရေးနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာ ပေးခဲ့ကြသည်။ ထို့မှတစ်ဆင့် မချမ်းဘောမြို့နယ်အတွင်း ကောင်းမှုလုံစေတီတော်ကို သွားရောက်ဖူးမျှော် ကြည်ညိုကြပြီး နဝကမ္မအလှူငွေများ လှူဒါန်းကာ ဂေါပကအဖွဲ့ဝင်များ၏ ဘုရားပိုင်မြေနေရာ ရရှိ…