
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မူးယစ်ဆေးစွဲသူများအတွက်ဂရုဏာလက်လူငယ် ပြုစုပျိုးထောင်ရေးသင်တန်းကျောင်း ခန်းမဆောင်နှင့် ကျောင်းဆောင်သစ်အပ်နှင်းခြင်း ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲသို့ တက်ရောက်အားပေး
မြစ်ကြီးနား ဇွန် ၁၉ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့၊ နန်ကျင်ကျေးရွာရှိ မူးယစ် ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်းအဖွဲ့တစ်ခုဖြစ်သည့် ဂရုဏာလက်လူငယ်ပြုစုပျိုး ထောင်ရေးသင်တန်းကျောင်းအတွင်း ရီဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းသည့် ခန်းမဆောင်နှင့် ကျောင်းဆောင်သစ်အပ်နှင်းခြင်း ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲသို့ ဇွန် ၁၉ ရက် နံနက် (၁၀)နာရီ တွင် တက်ရောက်အားပေးခဲ့သည်။ ဂရုဏာလက်လူငယ်ပြုစုပျိုးထောင်ရေးအသင်းအဖွဲ့သည် ပြည်နယ်အတွင်းရှိ မူးယစ်ဆေးစွဲ လူငယ်/လူရွယ်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ နှစ်သိမ့်ခွန်အားပေးခြင်း၊ ဘာသာရေး အရ သွန်သင်ဆုံးမပေးခြင်းဖြင့် မူးယစ်ဆေးဖြတ်ပေးခြင်းအပြင် ပြန်လည်ထူထောင်ရေးအတွက် သက်မွေးပညာများကို လေ့ကျင့်သင်ကြားပေးခြင်း လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိရာ အသင်းအဖွဲ့ ၏ သင်တန်းကျောင်းအတွင်း လိုအပ်လျက်ရှိသည့် ရီဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းထား သော ခန်းမဆောင်နှင့် ကျောင်းဆောင်သစ်တို့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦခက် ထိန်နန်၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။…