နှစ်ပေါင်း (၄၇)နှစ်ကျော်ကြာမှ တံခွန်စိုက်ဆုဖလား ပြန်လည်ဆွတ်ခူးရယူခဲ့ကြသော တံခွန်စိုက်ဒိုင်းဆုရ ကချင်ပြည်နယ်အမျိုးသမီးဘောလီဘောအသင်းအား မြစ်ကြီးနားမြို့၌ ဂုဏ်ပြုကြိုဆို

 နှစ်ပေါင်း (၄၇)နှစ်ကျော်ကြာမှ တံခွန်စိုက်ဆုဖလား ပြန်လည်ဆွတ်ခူးရယူခဲ့ကြသော တံခွန်စိုက်ဒိုင်းဆုရ ကချင်ပြည်နယ်အမျိုးသမီးဘောလီဘောအသင်းအား မြစ်ကြီးနားမြို့၌ ဂုဏ်ပြုကြိုဆို

မြစ်ကြီးနား     ဇူလိုင် ၃

          ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အာက် ဘောလီဘောပြိုင်ပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်ကိုယ်စားပြု အမျိုးသမီး ဘောလီဘောအသင်းသည် ပထမတံခွန်စိုက်ဒိုင်းဆုကို ဆွတ်ခူးရရှိခဲ့ပြီး ဇူလိုင် ၃ ရက် မွန်းလွဲ ၂ နာရီ က မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိလာကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  လေဆိပ်၌ ဂုဏ်ပြုကြိုဆိုခဲ့သည်။

          အောင်ပွဲရ အမျိုးသမီးဘောလီဘောအသင်း ပြန်လည်ရောက်ရှိလာမှုကို မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင် ရာများ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ပြည်နယ်အားက စားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ဝမ်းမြောက်ဝမ်းသာဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

          ထို့နောက် လေဆိပ်ဧည့်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်က ဘောလီဘောအသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမားများအား နှစ်ပေါင်း ၅၀ နီးပါးကြာမှသာ ဆုတံဆိပ်ပြန်လည်ဆုခူးရရှိ ခဲ့သော ပြည်နယ်ကိုယ်စားပြု အမျိုးသမီးဘောလီဘောအသင်းအား ဂုဏ်ယူပါကြောင်း၊ ထို့အပြင် မိမိတို့ ပြည်နယ်အတွက် ထူးချွန်သည့် အနာဂတ်မျိုးဆက်သစ် ကစားသမားများ ထပ်မံပေါ်ထွန်းလာ သည့်အတွက် ပိုမိုဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ပြည်နယ်ကိုယ်စား အထူးပင်ဝမ်းမြောက်ဂုဏ်ယူ ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုပြောကြားခဲ့သည်။

          အဆိုပါ အမျိုးသမီးဘောလီဘောအသင်းအနေဖြင့် တောင်ကြီးမြို့တွင် ဇွန်လ ၁၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅)နှစ် အောက် ဘောလီဘောပြိုင်ပွဲတွင် နှစ်ပေါင်း ၄၇ နှစ်ကြာ ကင်းကွာခဲ့သော တံခွန်စိုက်ဆုဖလားကို ပြန် လည်ဆွတ်ခူးရရှိသည့်အပြင် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး အားကစားသမားဆုနှင့် စပေးဘော အကောင်းဆုံးဆုများကိုလည်း အသီးသီးရရှိခဲ့ကြောင်း သိရှိရသည်။