‌ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်း၍ သတ္တမအကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 ‌ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်း၍ သတ္တမအကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

မြစ်ကြီးနား     ဇူလိုင် ၄

                ကချင်ပြည်နယ်တအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုဝင် ဒါယကာ၊ ဒါယကာမများ စုပေါင်း၍ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင်  ၃ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦးတို့က တက်ရောက်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

                 အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ဆရာတော်၊ သံဃာ‌တော်များထံမှ ငါးပါးသီလခံယူဆောက် တည်ခြင်း၊ ပရိတ်တရာတော်များနာယူခြင်း အမှုတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်ဇနီး၊  ပြည် နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးတိုက ရှမ်းမျိုးနွယ်စု ခေါင်းဆောင်များ၊ အလှူရှင်ဒါယိကာ၊ ဒါယကာမများနှင့်အတူ ဝါဆိုင်္ကန်းကို စုပေါင်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရှိရသည်။