မြစ်ကြီးနားမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်၊ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်

 မြစ်ကြီးနားမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်၊ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဇူလိုင် ၄

          ကချင်ပြည်နယ်အမျိုးသမီးကော်မတီက ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃ ရက် နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများအနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ထူးချွန်အမျိုးသမီး များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို  ယနေ့ နံနက် ၁၀ နာရီ က မြစ်ကြီးနားမြို့ မြို့တော် ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ ပေါင်းစုညီညာအမျိုးသမီးရေးရာ သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က မိမိတို့ ပြည်နယ်အတွင်း မြို့ပြနှင့် ကျေးလက်မကျန် အရပ်ဒေသအသီးသီးမှာ နေထိုင်ကြသည့် အမျိုးသမီးများအားလုံး နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး၊ တန်းတူညီမျှ အခွင့်အရေးရရှိရေးတို့အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများကို နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာဌာနအဖွဲ့အစည်း များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ဂုဏ်ကျက်သရေရှိသော၊ မှန်ကန်သောဆုံးဖြတ်ချက် များ ချနိုင်စွမ်းသော၊ စွမ်းဆောင်ရည်မြင့်မားသော၊ အမှီအခိုကင်းစွာ၊ ယုံကြည်ချက်ခိုင်မာစွာ ရပ်တည် နိုင်ပြီး ကမ္ဘာ့နိုင်ငံများအလယ် ဂုဏ်ကျက်သရေရှိသော မြန်မာအမျိုးသမီးများအဖြစ် ဝင့်ထည်စွာရပ် တည်နိုင်ပါစေကြောင်း ပြောကြားသည်။

          ယင်းနောက် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်ကာယကြံ့ခိုင်မှုအေရိုးဗစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိခဲ့သော ပြည်နယ်လက်ရွေးစင်အေရိုးဗစ်အဖွဲ့က ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့က ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလီဘောပြိုင်ပွဲ တွင် တံခွန်စိုက်ဒိုင်းဆုရ ပြည်နယ်လက်ရွေးစင်အမျိုးသမီဘောလီဘောအသင်းအတွက် ချီးမြှင့်ငွေ ကျပ် ၁၀ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တပ်မတော်အရာရှိကြီးများ နှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့ တာဝန်ရှိသူများက မြန်မာအမျိုးသမီးများအနေ့ အထိမ်းအမှတ် တက္ကသိုလ်ဝင်တန်း တွင် ဂုဏ်ထူး ၅ ဘာသာနှင့် ဂုဏ်ထူး ၄ ဘာသာရ ကျောင်းသူများ၊ (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ် အသင်းလိုက်နှင့် တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့် အမျိုးသမီးအားကစားသမား များ၊ ထူးချွန်ကြက်ခြေနီ၊ ထူးချွန်မီးသတ်၊ အကြိမ်ရေအများဆုံးသွေးလှူရှင်နှင့် ရိုးရာဝတ်စုံချုပ်ပြိုင်ပွဲ ဆုရ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်လက်ရွေးစင်အေရိုးဗစ်အသင်းက ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည့် အဖွဲ့ လိုက်ကစားနည်းဖြင့် သရုပ်ပြကစားပြသခဲ့ကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က အင်အားသစ် များနှင့်အတူ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ပြသထားသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများနှင့် အမျိုး သမီးအိမ်တွင်းမှုကျောင်းမှ ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရသည်။