ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့၌ ဈေးများ အဆင့်မြှင့်တင်ဆောာင်ရွက်နိုင်ရေး၊ ကိုဗစ် ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် အောက်စီဂျင်စက်ရုံတည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေး
ဗန်းမော် ဒီဇင်ဘာ ၁၁ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၌ ဈေးများအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် အောက်စီဂျင်စက်ရုံတည်ဆောက်ရေးတို့ အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၁ ရက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းကို၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများတာဝန်ရှိသူများနှင့်အတူ ဗန်းမော်မြို့ သီရိရတနာ (အမှတ်-၁)နှင့် အမှတ် (၂) တို့တွင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေခဲ့ကြပြီး Mask များစနစ်တကျတပ်ဆင် ရောင်း/ဝယ်မှုပြုကြရေး အသိပညာပေးကြကာ ဈေးများအဆင့်မြှင့်တင် ဆောင်ရွက်မည့် အစီအစဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဈေးများ…