ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ဝေးလံခက်ခဲသည့် ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုတိုးတက်လာစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
ပူတာအို ဇန်နဝါရီ ၂၆ မြန်မာပြည်မြောက်ဖျား ဝေးလံခက်ခဲ့သည့် ခေါင်လန်ဖူးဒေသအတွင်း လမ်းများဖောက် လုပ်ပြီးစီးမှုနှင့်မြို့နယ်ဖွံ့ဖြိုးတိုးတက်လာရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ပူတာအိုမြို့မှ တစ်ဆင့် ခေါင်လန်ဖူးမြို့နယ်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပူတာအိုမြို့မှ နံနက် ၅ နာရီတွင် ခေါင်လန်ဖူးမြို့သို့ ထွက်ခွာခဲ့ကြပြီး နောင်မွန်မြို့နယ်အတွင်း မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ ကဆန်ခချောင်းပေါ်တွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁)မှ တာဝန်ယူဆောင်ရွက်ရှိသည့် တံတားအမှတ် (၂/၁) မီတာ ၁၈၀ အရှည်ရှိ မဂွေဇတံတား တည်ဆောက်နေရေးလုပ်ငန်းခွင်အတွင်း တံတားတည် ဆောက်ပြီးစီးမှု၊ တည်ဆောက်ဆဲလုပ်ငန်းများနှင့် တံတား၏ A2 ဖက်ခြမ်းတွင် လမ်းဦးစီးဌာနမှ မီတာ…