မြစ်ကြီးနာမြို့ အောင်တော်မူ သကျမာရဇိန် အံတော်ရှင်စေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့်အတူ သံဃာတော်အပါး(၃၆၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
မြစ်ကြီးနား မေ ၁၆ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူ သကျမာရဇိန် အံတော်ရှင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူခြင်း၊ဘက်စုံမွမ်းမံခြင်း၊ ရွှေထီးတော်၊စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းအခမ်းအနားအောင်ပွဲ အထိမ်းအမှတ်အဖြစ် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် သံဃာတော်၊ သီလရှင်အပါး ၃၆၀ တို့အား သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့ နံနက် ၇ နာရီက အဆိုပါ စေတီတော်မြတ်ကြီးရင်ပြင်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ စေတီတော်မြတ်ကြီး၏ရင်ပြင်ရှိ မုဒ်ဦးလေးဘက်တွင် အံတော်ရှင် တောင်တန်း သာသနာပြုဗဟိုကျောင်းတိုက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ဉာဏဓဇ အမှူးပြု သော ဆရာတော်သံဃာတော်အပါး ၁၀၈ ပါးက ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူသည်။ ယင်းနောက် ဘုရားအမှူးပြုသော သံဃာတော်…