ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဂီတ၊ တူရိယာနှင့်အကများ အနုပညာတက္ကသိုလ်သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းရေးဆွဲနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှုကို အားပေးကြည့်ရှု
မြစ်ကြီးနား မေ ၉ ကချင်တိုင်းရင်းသားတို့၏ ဂီတ၊ တူရိယာနှင့် အကများကို သက်ဆိုင်ရာတိုင်းရင်းသားဆရာ၊ ဆရာမဖြင့်သင်ကြားကာ မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်း ပြန့်ပွားရေး၊ ဂီတအနုပညာများ ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များတွင် သင် ကြားနိုင်ရေး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနနှင့် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်း၍ မေလ ၈ ရက်နေ့က မြစ်ကြီးနားမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ထိုသို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့သည် ဇိုင်ဝါးတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့၏ ဂီတ၊ တူရိယာတီးခတ်ခြင်းနှင့် ရိုးရာအကများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခဌာနမှူး(ဂီတ)ဦးဇော်ဝင်းမင်းနှင့် အဖွဲ့ဝင်များက သုတေသနပြု…