ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ရှိ Shopping Mall ကုန်တိုက်များတွင် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများ ခွင့်ပြုချက်ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား နိုဝင်ဘာ ၁၂ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ် ဓာတ်သတ္တု(ရွှေ) ရောင်း ဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကနဦးစိစစ်ရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ မြစ်ကြီးနားမြို့ပေါ်ရှိ Shopping Mall ကုန်တိုက်များနှင့် ရောင်း ဝယ်ရေး Centre ဧရိယာများအတွင်း ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများအား နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးနှင့်ပြည်နယ် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ဝင်များသည် JZ Centre အတွင်း၌ လက်ဝတ်ရတနာများ၊ ရွှေနှင့်ရွှေကြမ်းဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား ဌာန၏ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုချက်ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ညွှန်ကြားချက်များနှင့်အညီ ရောင်းဝယ်ဖောက်ကားရေး၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လိုအပ်သလိုစိစစ်အရေးယူဆောင်ရွက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ အလားတူ…