ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း သဘာဝအတိုင်းပေါက်ရောက်သည့် ဝါးကို အခြေခံ သည့် စက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အစုအဖွဲ့အသီးသီးနှင့် ပူးပေါင်း၍ ခရိုင်အလိုက် ဒေသဝါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပြည်နယ်ချေးငွေအကြံပေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်
မြစ်ကြီးနား ဖေဖော်ဝါရီ ၈ ကချင်ပြည်နယ်အတွင်း သဘာဝအတိုင်း ပေါက်ရောက်သည့် ဝါးကို အခြေခံသည့် စက်မှု လက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဒေသမျိုးရင်းဝါးမျိုးများ ခရိုင်အလိုက် တိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက် ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်အကြီး အကဲက သဘာဝအတိုင်း ပေါက်ရောက်သည့် ဝါးကိုအခြေခံသည့် စက်မှုလုပ်ငန်းများဆောင်ရွက်နိုင် ရန်အတွက် သတ်မှတ်ဝါးမျိုးများကို နေရာများသတ်မှတ်ပြီး စိုက်ပျိုးသွားရန် လမ်းညွှန်မှုပြုခဲ့ပါသ ဖြင့် မိမိတို့ပြည်နယ်အတွင်း ဝါးပျော့ဖတ်ဖြင့် နှစ်ဖက်ချောစက္ကူထုတ်လုပ်နိုင်သော စက်ရုံတည် ဆောက်နေပြီဖြစ်သည့်အတွက် ဒေသတွင်း ပေါက်ရောက်သည့် ဝါးမျိုးများကို…