admin

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များနှင့်ရှ ဘာသာရေးအဖွဲ့အစည်းများထံ အလှူငွေများ ပေးအပ်လှူဒါန်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး အစီအစဉ်တွင် ပူးပေါင်းပါကြရေး တိုက်တွန်းဆွေးနွေး

ဗန်းမော်         ဒီဇင်ဘာ ၁၁           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် ဗန်းမော်မြို့သို့ ရောက်ရှိပြီး ပရိယတ္တိစာသင်တိုက်များ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် သွားရောက်တွေ့ဆုံလှူဒါန်းခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် တပ်မ(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကွဲရေးမှူး ဗိုလ်မှူးကြီးကျော်သူ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဗန်းမော်မြို့၊ ခွန်သာရပ်ကွက် မြို့လေးထပ်ပရိယတ္တိစာသင် တိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထု ငွေကျပ် ၂ သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး အစီအစဉ်တွင်း ကျောင်းနေသံဃာတော်များ၊ ကျောင်းသားများအား ပြည့်မီစွာထိုးနှံပေးနိုင်ရေး လျှောက်ထားတင် ပြပြီး လိုအပ်ချက်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။          …

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမအသစ်များ အား လုပ်ငန်းခွင်အကြို သင်တန်းဆင်းပွဲသို့ တက်ရောက်ဂုဏ်ပြုအားပေး

မြစ်ကြီးနား     ဒီဇင်ဘာ ၉           ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမအသစ်များ လုပ်ငန်းခွင်အကြို သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၉ ရက် နံနက် ၁၁ နာရီတွင် မြစ်ကြီးနားတက္ကသိုလ် ဗဟိုခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြသည်။           နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမအသစ်များ လုပ်ငန်းခွင်အကြို သင်တန်းဆင်း ဆရာ၊ ဆရာမ များအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ သင်တန်းဆင်း ဆရာ၊ ဆရာမအသစ်များ အနေဖြင့် နိုင်ငံတော်နှင့် ပြည်ထောင်စုစိတ်ဓာတ်ပြည့်ဝသည့် လူငယ်၊ လူရွယ်များ မွေးထုတ်ပေးရာ တွင် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများအနေဖြင့်…

Read More

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဒီဇင်ဘာ ၁ဝ ကချင်ပြည်နယ်အတွင်း (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့ အခမ်း အနားကျင်းပနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီတွင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိ ခ ခန်းမ၌ ကျင်းပပြုလုပ်သည်။ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့ အခမ်းအနားကျင်းပပြုလုပ်နိုင် ရေးအတွက် အခမ်းအနားများ ကျင်းပရေးဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လွတ်လပ်ရေးနေ့သည် နိုင်ငံတော်အခမ်းအနားဖြစ်ပြီး ကချင်ပြည်နယ်နေ့သည် လွတ်လပ်ရေးနေ့နှင့်အတူ ပေါက်ဖွားလာသည့်နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် နှစ်စဉ်ကျင်းပမှုများအတိုင်း အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကော်မတီအလိုက် တာဝန်ရှိသူ များက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။ ထို့နောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းနှင့် (၇၄)နှစ်မြောက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားလေဆိပ်ရှေ့ သန့်ရှင်းသာယာလှပရေး ပန်းခြံငယ် ဆောင်ရွက်နေမှုနှင့် ပြည်သူ့ရင်ပြင်အတွင်း ခရစ်စမတ်ပွဲတော်အတွက် ရောင်စုံဆလိုက်မီးများ အလှဆင်ထားရှိမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဒီဇင်ဘာ ၈           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၈ ရက် ညနေ ၅ နာရီတွင် မြစ်ကြီးနားလေဆပ်ရှေ့ သန့်ရှင်းသာယာလှပသည့်နေရာတစ်ခုဖြစ်စေရေး ပန်းခြံငယ်အလှဆင် ခြင်းလုပ်ငန်းနှင့် ပြည်သူ့ရင်ပြင်အတွင်း ခရစ်စမတ်ပွဲတော်ကာလအတွက် ရောင်စုံဆလိုက်မီးများ ဖြင့် အလှဆင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားလေဆပ်ရှေ့ ပန်းခြံငယ်ဖြစ်ပေါ်လာရေး မြေယာရှုခင်းနှင့် ပန်းအလှပင်များ စိုက်ပျိုးနေမှု၊ အလှမီးတိုင်များ၊ ကားပါကင်နှင့်အုတ်ရေမြောင်း၊ရေမြောင်းဖုံးများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနား လေဆိပ်သည် ပြည်နယ်၏ တံခါးတစ်ချပ်သဖွယ်ဖြစ်သည့်အတွက် ပြည်နယ်သို့ လာရောက်သူ အားလုံး၏ မြင်ကွင်းတွင် သန့်ရှင်းသာယာလှသည့် နေရာတစ်ခုအဖြစ် ဖော်ဆောင်သွားရမည်ဖြစ် ကြောင်း မှာကြားခဲ့သည်။…

Read More

ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ မြို့မဈေး(မနက်ဈေး )၌ Mask Campaign ပြုလုပ်အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးလွှမ်းခြုံထိုးနှံပေးနိုင်ရေး ပြည်နယ်လူမှုရေးဝန်ကြီး ကွင်းဆင်းဆောင်ရွက်

ပူတာအို         ဒီဇင်ဘာ ၈           ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးနှင့် ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက်  ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေး ရာဝန်ကြီး ဦးဝင်းရဲထွန်းသည် ပူတာအိုခရိုင်အတွင်း Mask Campaign ပြုလုပ်၍ အသိပညာ ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအား ဒီဇင်ဘာ ၈ ရက်တွင် ဆောင်ရွက် ခဲ့သည်။ ရှေးဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီးသည် ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်နှင့် ပူတာအို၊ မချမ်းဘောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ဒီဇင်ဘာ(၈)ရက် နံနက်(၇)နာရီခွဲတွင် ပူတာအိုမြို့ မြို့မဈေး (မနက်ဈေး)တွင် ဈေးရောင်း/ဈေး၀ယ်ပြည်သူများအား Mask အခု(၃၀၀၀)ကျော် အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ဈေး ရောင်း/ဈေး၀ယ်ပြည်သူများအနေဖြင့် Mask များ စနစ်တကျတပ်ဆင်ပြီး ရောင်း/ဝယ်မှုပြုလုပ် ကြရေးနှင့် Mask တပ်ဆင်ခြင်းဖြင့် ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါ၀င်ရေး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ပေါ်ရှိ မိဘမဲ့ကလေးကျောင်းများနှင့် မျက်မမြင် ကျောင်းသို့ ဆန်၊ ဆီ၊ ခြုံစောင်များနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ သွား‌ရောက်ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၇           ကချင်ပြည်နယ်ဝန်ကြီးချုပ်က အလှူရှင်များနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ မိဘမဲ့ကလေး ကျောင်းများနှင့် မျက်မမြင်ကျောင်းသို့ ဆန်၊ဆီ၊ ခြုံစောင်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်း များကို ဒီဇင်ဘာ ၇ ရက် နံနက် ၈ နာရီခွဲတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များဖြစ်ကြသည့် ဦးလောဆန်းနှင့် ဦးခွန်သန့်ဇင်တို့သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မိဘမဲ့ကလေးများဖွံ့ဖြိုးရေးဂေဟာသို့ သွားရောက်ပြီး ဂေဟာ တာဝန်ရှိသူများ၊မိဘမဲ့ကလေးများအား ပြည်နယ်ဝန်ကြီးချုပ်က ခရစ်စမတ်ကာလအတွင်း မိဘမဲ့ ဂေဟာများနှင့် မျက်မမြင်ကျောင်းများအတွက် နေထိုင်စားသောက်မှုအဆင်ပြေစေရေး ထောက်ပံ့ လှူဒါန်းရခြင်းဖြစ်ကြောင်း ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြောကြားပြီး အလှူရှင်များနှင့်အတူ ဆန်၊ ဆီ၊ ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများနှင့် ခြုံစောင်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။           အလားတူ…

Read More

(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းထုတ်ဝေနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဒီဇင်ဘာ ၈           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းထုတ်ဝေနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ် နေ့ အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းကို နှစ်စဉ်နှစ်တိုင်း ထုတ်ဝေခဲ့ပါကြောင်း၊ ယနေ့ခေတ် ကာလအခြေအနေအရ အချို့သောမီဒီယာများ၏ မှန်ကန်မှုမရှိသည့် သတင်းများ လွှမ်းမိုးမှုကြောင့် ပြည်သူများ သတင်းအချက်မှန်ကန်စွာ သိရှိနိုင်မှု နည်းပါးလာသည့်အတွက် မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်နှင့် နိုင်ငံတော်အတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် လုပ်ဆောင်ချက်များ၊ ဌာနဆိုင်ရာများ၏ ဆောင်ရွက်မှုများကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၁ ခုနှစ် ဆောင်းရာသီအားကစားပွဲတော်အထိမ်းအမှတ် အားကစားအလိုက် သင်တန်းဆင်းပွဲမှ နည်းပြများနှင့် သင်တန်းသားများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဒီဇင်ဘာ ၆           ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီစဉ်မှုဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီများအလိုက် ၂၀၂၁ ခုနှစ် ဆောင်းရာသီအားကစားပွဲတော် အထိမ်းအမှတ် ဖွင့်လှစ်သင်ကြားခဲ့သည့် အားကစားနည်း(၈)ခု၏ သင်တန်းဆင်းပွဲနှင့် ဆပ်ကော် မတီဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီခွဲတွင် ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။           သငတွနွးဆငွးပှဲတှငွ ပှညနွယဝွနကွှီးခှုပွ ဦးခကထွိနနွနကွ ဆောငွးရာသီအားကစားပှဲ တောအွဖှဈ အားကစားသငတွနွးတှကေို ဖှင့လွှဈပေးခှငွးဖှင့ွ လူငယမွှားအခှိနကွို အကှိုးရှိစှာ အသုံးခနှိုငခွှငွး၊ ဝါသနာပါရာ အားကစားနညွးကို အခှခေံမှစ၍ စနဈတကှ သငကွှားလေ့ကငှ့နွိုငွ ခှငွးတို့ကှောင့ွ ကောငွးမှနသွည့ွ လမွးကှောငွးပေါတွှငွ အားကစားနညွးဖှင့ွ တည့မွတပွေးနိုငွ သည့အွတှကွ ယခုလိုအကှိုးရှိသည့အွားကစားသငတွနွးမှားအောငမွှငစွှာဖှင့လွှဈနိုငရွေးပူးပေါငွး ဆောငရွှကပွေးခဲ့ကှသူမှားအားလုံးကို…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများ စုပေါင်း၍ တစ်နှစ်တာအတွင်း ဦးဆုံးရရှိသည့် ကောက်ဦးစပါးဖြင့် ရိုးရာကောက်သစ်စားပွဲတော် ကျင်းပပြုလုပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၅           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ မိုးစပါးစံပြစိုက်ကွက်အတွင်း ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများ စုပေါင်း၍ တစ်နှစ်တာ အတွင်း ဦးဆုံးရရှိသည့် ကောက်ဦးစပါးဖြင့်  ရိုးရာကောက်သစ်စားပွဲတော်ကို ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တောင်သူလယ်သမားများ တက်ရောက်ကြသည်။           ရိုးရာကောက်သစ်စားပွဲတော်တွင် ပြည်နယ်ဝန်ကြီးချုပ်က တောင်သူတို့၏ လယ်မှ တစ်နှစ် တာအတွင်း ပထမဆုံးထွက်ရှိသည့် စပါးကို ကြိတ်ခွဲကာ ဦးစွာရရှိသည့် ဆန်ဖြင့် ကျွေးမွေး စားသောက်ခြင်းဖြင့် ကောက်သစ်စားပွဲအဖြစ် ဆောင်ရွက်ခြင်းကို နှစ်စဉ်ရိုးရာမပျက် ကျင်းပခဲ့ ပါကြောင်း၊ ယခုနှစ် ကောက်သစ်စားပွဲတော်ကို မိမိနိုင်ငံ၊ မိမိတို့ ပြည်နယ်အတွက်…

Read More

မြစ်ကြီးနားမြို့၌ ရှမ်းမျိုးနွယ်စုများ၏ ၂၁၁၆ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲ ကျင်းပမှုကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     ဒီဇင်ဘာ ၄           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ရှမ်းမျိုးနွယ်စုများ စာပေနှင့်ယဉ်ကျေးမှုအသင်းက ဦးစီး ကျင်းပသည့် ၂၁၁၆ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲ ကို ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲတွင် ခေမာသီရပ် ကွက်ရှိ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေး ရာဝန်ကြီး ဦးကျော်မင်းခိုင် တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။           ရှမ်းနှစ်သစ်ကူးပွဲ အခမ်းအနားကို ရှမ်းအလံတော်အား အလေးပြုဖွင့်လှစ်ကာ ရှမ်းတိုင်းရင်း သားလူငယ်၊ မောင်မယ်များက ရှမ်းရိုးရာတေးသီချင်း သီဆိုဖျော်ဖြေကြပြီး ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ရှမ်းတိုင်းရင်းသားတို့၏ နှစ်သစ်မင်္ဂလာအခါတော်နေ့တွင် ကျန်း မာရွှင်လန်းကြပါစေကြောင်းနှင့်စီးပွားရေးလာဘ်လာဘများ ကောင်းမွန်စေကြောင်း ဆုမွန်ကောင်း တောင်းပါကြောင်း၊ ကိုဗစ်ကာလဖြစ်သော်လည်း စည်းကမ်းချက်များနှင့်အညီ ပြည်နယ်အတွင်းရှိ ရှမ်းမျိုးနွယ်စု (၅)စု၏…

Read More