ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စိုက်ပျိုးရေး သိပ္ပံကျောင်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား မေ ၂၀ ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် မြစ်ကြီးနား စိုက်ပျိုးရေးသိပ္ပံကျောင်း ဖွင့်လှစ်ရေးတို့အတွက် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မေ ၂၀ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။ ကချင်ပြည်နယ်၏စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့်ပတ်သက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးကို အခြေခံပြီး ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ရေးဟု လမ်းညွှန်မှုပြုထားပြီးဖြစ်သည့်အတွက် ပြည်နယ်အတွင်း ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးရေးထုတ်ကုန် နှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်းနှင့် စိုက်ပျိုးရေးအသိပညာနှင့် အတတ်ပညာဖြန့်ဝေရာ စိုက်ပျိုးရေးသိပ္ပံကျောင်းဖွင့်လှစ် သင်ကြားနိုင်ရေးကိုလည်း မိမိတို့ စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်…