ကိုဗစ်-၁၉ ရောဂါကာလအတွင်း နေထိုင်စားသောက်မှုအဆင်ပြေစေရေး ကုစားရေးအစီအစဉ် တစ်ရပ်အနေဖြင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း(၁၇)ခုနှင့် ပရဟိတဘာသာရေး ကျောင်း(၁၃)ကျောင်း၊ မိဘမဲ့ဂေဟာ(၂)ခုတို့ထံ အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်
မြစ်ကြီးနား ဇူလိုင် ၂၂ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နေထိုင်စားသောက်မှုအဆင်ပြေစေရေး ကုစားမှုအစီအစဉ်တစ်ရပ်အနေဖြင့် ဝိုင်းမော်မြို့နယ်အ တွင်းရှိ နေရပ်စွန့်ခွာစခန်း(၁၇)ခုနှင့် ပရဟိတဘာသာရေးကျောင်း(၁၃)ကျောင်း၊ မိဘမဲ့ဂေဟာ (၂) ခုတို့ထံ ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီတွင် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့် နှာခေါင်းစည်း Mask များ ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါ ကုစားရေးအစီအစဉ်ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်တို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ RC IDPs စခန်း၌ မိုင်းနားကျေးရွာအတွင်းရှိ နေရပ်စွန့်ခွာစခန်း (၅)ခုမှ တာဝန်ခံများ၊ အိမ်ထောင်စုများနှင့်တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာသည့်အတွက် နေရပ်စွန့်ခွာစခန်းနေပြည်သူများ နေထိုင် စားသောက်မှုအခက်အခဲကို…