ကချင်ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်က ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၁) အစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     စက်တင်ဘာ ၁           ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ရင်းနှီးမြှုပ် နှံမှုကော်မတီအစည်းအ‌ဝေး (၅/၂၀၂၁)ကို စက်တင်ဘာ ၁ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           အစည်းအဝေးတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကာလအလွန် ပြည်နယ်၏ စီးပွားရေးကို ကုစားနိုင်ရေးနှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ချိတ်ဆက်၍ ဖိတ်ခေါ်‌ ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက် ၍ လျှောက်ထားတင်ပြလာမှုများအပေါ် ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် အညီ ခွင့်ပြုဆောင်ရွက်ပေးရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။           ထို့နောက် ပြည်နယ်ကော်မတီအတွင်းရေးမှူး၊…

Read More

ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းလုပ်ငန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     သြဂုတ် ၃၁           ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရာတွင် ရေတို၊ ရေရှည်စီမံကိန်း လုပ်ငန်းများ လျာထားဆောင်ရွက်နိုင်ရေး၊ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်း များနှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၁ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်၏ စီးပွားရေးလုပ် ငန်းများတိုးတက်မြင့်မားလာစေရေးတို့အတွက် ရေတို၊ ရေရှည် အကောင်အထည်ဖော်ဆောင်ရွက် သွားမည့် လုပ်ငန်းများအား စီမံချက်ရေးဆွဲ၍ လျာထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်ပညာ ရှင်များဖြစ်သည်နှင့်အညီ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုအတွက် ပြည်သူများကို တိုက်ရိုက် အကျိုးပြုဖြစ်ထွန်းနိုင်မည့် လုပ်ငန်းများဖြစ်စေရေးနှင့်…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနားမြို့၌ တစ်ရက်လျှင် လီတာ ၄၀ ဝင်ဆံ့သည့် အောက်စီဂျင်အိုး အလုံးရေ ၁၂၀ ထုတ်လုပ်နိုင်သည့် အောက်စီဂျင်စက်ရုံ ဖွင့်လှစ်

မြစ်ကြီးနား     သြဂုတ် ၃၀           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အတွက် အောက်စီဂျင်လိုအပ်ချက် ပြည့်မီဖူလုံစွာရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့ ၌ တစ်ရက်လျှင် လီတာ ၄၀ ဝင်ဆံ့သည့် အောက်စီဂျင်အိုး အလုံးရေ ၁၂၀ ထုတ်လုပ်နိုင်သည့် အောက်စီဂျင်စက်ရုံအား သြဂုတ် ၃၀ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့က ဖွင့်လှစ်ပေးခဲ့ကြသည်။           အောက်စီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနဝင်းအတွင်းရှိ စက်ရုံအဆောက်အဦရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း စတင်သည့် မေလနောက်ဆုံးပတ်မှ သြဂုတ် ၂၉ ရက်နေ့အထိ ကူးစက်ခံရသူ ၁၁၁၅၆ ဦးဖြစ်ပြီး ကုသဆဲ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မြစ်ကြီးနားမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ထပ်မံ လာရောက်ပို့ဆောင်သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရောက်ရှိမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၂၉ မြစ်ကြီးနား     သြဂုတ် ၂၉           ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ် – ၁၉ ကာကွယ်ဆေး ထပ်မံထိုးနှံပေးနိုင် ရေးအတွက် ဒုတိယအသုတ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm များကို သြဂုတ် ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့ နန်ပေါင်လေဆိပ်သို့ ရောက်ရှိခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့က သွားရောက်လက်ခံကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ယနေ့ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ မှာ တရုတ်ပြည်သူသမ္မတနိုင်ငံထုတ် Sinopharm အမှတ်တံဆိပ်ပါ ကာကွယ်ဆေး (၇၉၁၂)လုံးဖြစ် ပြီး ကာကွယ်ဆေးများကို တပ်မတော်လေယာဉ်မှ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားမြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် စုပေါင်းသန့်ရှင်ရေးဆောင်ရွက်

မြစ်ကြီးနား     သြဂုတ် ၂၈           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်များက  သြဂုတ် ၂၈ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့ပေါ်ရပ်ကွက်အသီးသီး တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။           သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာများအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ စီတာပူရပ်ကွက်အတွင်း ဆိမ့်ဆာလမ်းပေါ် ရှိ ကုန်တင်ကုန်ချကွင်းအနီးမှ ဗလမင်းထင်တံတား လမ်းစုံထိနှင့် တက္ကသိုလ်အနောက်ဘက်ခြံ စည်းရိုးတစ်လျှောက်တို့တွင် လမ်းဘေးဝဲယာ ချုံနွယ်သစ်ပင်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။  အဆိုပါ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အသီးသီး တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ…

Read More

ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်‌ရေးကော်မတီသို့ ဦးဘောမ်လမ်းနှင့် မစ္စတာလီဝေ(မြန်မာဟိန်ယကုမ္ပဏီ)တို့မှ လှူဒါန်းသည့် အောက်စီဂျင်စက် ၁ လုံးနှင့် ဝယ်ယူသည့် အောက်စီဂျင်စက် ၂ လုံးတို့အား လွှဲပြောင်းပေးအပ်

မြစ်ကြီးနား     သြဂုတ် ၂၇           ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဝယ်ယူထား သည့် အောက်စီဂျင်စက် ၂ လုံးအပါအဝင် ဦးဘောမ်လန်းနှင့် မစ္စတာလီဝေတို့မှ လှူဒါန်းသည် အောက်စီဂျင်စက် ၁ လုံးတို့ကို သြဂုတ် ၂၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမား ဒူဝါဆင်ဝါးနော်ခန်းမ၌ လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။           အောက်စီဂျင်စက်များလွှဲပြောင်းလက်ခံရတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိ တို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကုသရေးလုပ်ငန်းများ ကို တပ်မ‌တော်၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အတိုင်း အတာတစ်ခုထိ ထိန်းချုပ်နိုင်သော်လည်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယနေ့ မိမိတို့ပြည်နယ်၏ အောက်စီဂျင်လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် တဖက်တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ညှိနှိုင်းခဲ့ပြီး…

Read More

ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်မြစ်ကြီးနားမြို့ရေကြီးရေလျှံမှုဖြစ်ပေါ်နေသေရပ်ကွက်များအတွင်းရှိ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၂၇           မြစ်ကြီးနားမြို့တွင် လတ်တလော မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့၏ မြေနိမ့်ပိုင်း ရပ်ကွက်များတွင် ‌ရေဝပ်ရေလျှံမှုဖြစ်ပွားခဲ့ရာ သြဂုတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ကချင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပင်မရေနှုတ်မြောင်းများ အပါအဝင် ရေနှုတ်မြောင်းငယ်များအားလုံး ရေစီးရေလာကောင်းမွန်ရေးနှင့် ရေမြောင်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတ‌ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူမျာနှင့်အတူ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဒုတိယ အင်ဂျင်နီယာမှူး ဦးမျိုးဝင်းက မြစ်ကြီးနားမြို့ရှိ ပင်မရေနှုတ်မြောင်းကြီးအပါအဝင် မိုးရေနှင့် ရေဆိုးထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များအားနှင့် နှစ်စဉ်ရေကြီး နစ်မြုပ်သောဧရိယာများ တွင် ကွင်းဆင်းစစ်ဆေးကာ ဆောင်ရွက်ရမည့် ကိစ္စရပ်များအား တင်ပြမှုကိူ သိလိုသည်များ ဖြည့်စွက်မေးမြန်းခဲ့ကြသည်။ ထို့နောက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၂၆           ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် နေရပ်စွန့်ခွာပြည်သူများအတွက် စိုက်ပျိုးမွေးမြူရေးတိုးမြှင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်ခြင်းကို သြဂုတ် ၂၆ ရက် တွင် ဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် နံနက် ၇ နာရီခွဲတွင် ပြည်နယ်ဝန် ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ဈေး၌ ဈေး ရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြကာ နေအိမ်ပြင်ပ ထွက်တိုင်း နှာခေါင်းစည်း စနစ်တကျတပ်ဆင်ကြရေးနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာ ပေးခဲ့ကြသည်။           ထို့မှတစ်ဆင့် မချမ်းဘောမြို့နယ်အတွင်း ကောင်းမှုလုံစေတီတော်ကို သွားရောက်ဖူးမျှော် ကြည်ညိုကြပြီး နဝကမ္မအလှူငွေများ လှူဒါန်းကာ ဂေါပကအဖွဲ့ဝင်များ၏ ဘုရားပိုင်မြေနေရာ ရရှိ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသတွင်း ဆန်ရိက္ခာဖူလုံစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ပူတာအို        သြဂုတ် ၂၆           ပူတာအိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး နှင့် ဒေသတွင်း ပြည်သူများအတွက် ဆန်စားသုံးမှု ဖူလုံစေရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှု များကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၂၅ ရက်တွင် ပူတာအိုမြို့နယ်အတွင်း ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီးစီးသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင် ရွက်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ စစ်ဗျူဟာ အဖွဲ့(အခြေချ)ပူတာအိုမှ ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းမင်းသိမ်း၊ ဌာနဆိုင်ရာများတာဝန်ရှိသူများနှင့် အတူ နံနက် ၈ နာရီတွင် ပူတာအိုခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်းး  ခရိုင်အတွင်း ‌ကိုဗစ်-၁၉ ကာ ကွယ်ထိန်းချုပ်ကုသရေးအတွက် အောက်စီဂျင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး အောက်စီဂျင် စက်ရုံအဆောက်အဦတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့မရပ်ကွက်ရှိ မြန်မာ့စီးပွား‌ရေး ဘဏ်တွင် ပင်စင်စားနိုင်ငံဝန်ထမ်းကြီးများအား ကိုဗစ်-၁၉…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် မချမ်းဘောမြို့နယ်များအတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပူတာအို        သြဂုတ် ၂၅           ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၂၄ ရက်တွင် ပူတာအိုမြို့နယ်အတွင်း ပူတာအိုလွင်ပြင်ပတ်လမ်း ဖောက်လုပ်နေမှုနှင့် မချမ်းဘောမြို့နယ် အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ စစ်ဗျူဟာ အဖွဲ့(အခြေချ)ပူတာအိုမှ ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းမင်းသိမ်း၊ ဌာနဆိုင်ရာများတာဝန်ရှိသူများနှင့် အတူ နံနက် ၈ နာရီတွင် ပူတာအိုမြို့ မြို့မရပ်ကွက်ရှိ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသရှိ လူငယ်လူရွယ်များအတွက် အားကစားကဏ္ဍဖွံ့ဖြိုးတိုး တက်လာစေရေး…

Read More