မြစ်ကြီးနားမြို့၌ ပထမအကြိမ် ရှမ်းမျိုးနွယ်စုဝင် တိုင်းလိုင်တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ (၆၁)ဦး သင်ရိုးသစ် ဆရာအတတ်သင်(TOT) သင်တန်းဆင်း
မြစ်ကြီးနား ဇွန် ၂၇ ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုဝင် တိုင်းလိုင်(ရှမ်းနီ)မျိုးနွယ်စုဝင်များ အတွက် တိုင်းလိုင် (ရှမ်းနီ)စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ပထမအကြိမ် အဖြစ် တိုင်းလိုင်(ရှမ်းနီ)တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ (၆၁)ဦးတို့အား ဇွန် ၂၂ ရက်မှ ဇွန် ၂၆ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့သော Great – I နှင့် Great II သင်ရိုးသစ် ဆရာ အတတ်သင် (TOT) သင်တန်းဆင်းပွဲကို ဇွန် ၂၆ ရက် နံနက် ၁၁ နာရီတွင် မြစ်ကြီးနားမြို့ ခေမာသီရိ ရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။ သင်တန်းဆင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏…