ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးနေမှုကို အားပေးကြည့်ရှုပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်

မြစ်ကြီနား      ဧပြီ ၂၅           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့်အတူ ဧပြီ ၂၅ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၌ ရပ်ကွက်၊ ကျေးရွာအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးနေမှုများကို ကြည့်ရှု အားပေးခဲ့ကြသည်။           ထိုသို့ ပမ္မတီးရပ်ကွက်နေပြည်သူများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ဝန်ထမ်း များက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းကူညီမှု ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးခြင်းကို ရပ်ကွက်နေပြည်သူအားလုံးကျန်ရှိမှု မရှိစေရေး စိစစ်ထိုးနှံပေးရန်လိုကြောင်း မှာကြားပြီး   ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။           ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်သို့ သွားရောက်ပြီး ဒုတိယပါမောက္ခချုပ်၊…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဧပြီ ၂၃           ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စည်ပင်သာယာ ရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဧပြီ ၂၃ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့တွင်း လှည့်လည်ကွင်းဆင်းကြည့် ရှုစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာချုပ် ဦးမျိုးဝင်း၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မြို့တော်ခန်းမဝင်းအတွင်းရှိ စည်ပင်သာယာရေးအဖွဲ့၏ ပျိုး ဥယျာဉ်ခြံအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့တွင်း လမ်းမများ၏ ဘေး/ဝဲယာတွင် စိုက် ပျိုးသွားမည့် သပြေဘူတ၊ ပုန်းညှက်၊ ခရေ၊ ရေတမာ၊ သပြေ၊ မန်ဂျန်ရှားစသည့် အရိပ်ရသစ်ပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အောင်ဇေရန်အောင်ဘုရား‌ရှေ့ မီးတိုင်နှင့် မြေယာရှုခင်းပြုလုပ်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပညာရေးဘွဲ့ ပထမနှစ် စာပေးစာယူသင်တန်း(၁/၂၀၂၂) သင်တန်းသား/ သူများအား ကြိုဆိုပွဲသို့ တက်ရောက်အမှာစကားပြောကြား

မြစ်ကြီးနား     ဧပြီ ၂၂           ခေတ်မီတိုးတက်နေသော ယနေ့ခေတ်တွင် နိုင်ငံ့သားကောင်းများကို မွေးထုတ်လေ့ကျင့်ပေး ရေးသည် ဆရာ၊ ဆရာမများ၏ ပင်မတာဝန်အဖြစ် သဘောထားပြီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်ကြောင်း ဧပြီ ၂၂ ရက် နံနက် ၉ နာရီတွင် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၌ ကျင်းပ ပြုလုပ်သည့် ပညာရေးဘွဲ့(B.Ed) ပထမနှစ်စာပေးစာယူသင်တန်း(၁/၂၀၂၂) ဖွင့်ပွဲနှင့် သင်တန်းသား/ သင်တန်းသူများအား ကြိုဆိုပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထည့်သွင်းပြောကြား သည်။           ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ (၆၃၄)ဦး တို့အား ဆရာ၊ ဆရာမများ အနေဖြင့် လုပ်ငန်းခွင်မှ လာရောက်ကြသည့်အတွက် အတွေ့အကြုံ ရင့်ကျက်သူများဖြစ်၍ သင်တန်းမှ သင်ကြားသောဘာသာရပ်များကို နက်နက်နဲနဲလေ့လာသင်ယူကြ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ဝန်ထမ်းသစ်များ လုပ်ငန်းခွင်အကြို သင်တန်းဖွင့်ပွဲသို့ တက်ရောက်၊ စံပြစိုက်ကွက်အတွင်း သစ်စိမ်းမြေသြဇာကြဲပက်ပွဲသို့ တောင်သူများနှင့်အတူ ပါဝင်ဆင်နွှဲ

မြစ်ကြီးနား     ဧပြီ ၂၁           ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီဌာနတွင် ရာထူးတိုးမြှင့်ခန့်အပ်ပေးလိုက်သည့် ဝန်ထမ်းအသစ် များအား လုပ်ငန်းခွင်အကြိုသင်တန်း(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၁ ရက် နံနက် ၉ နာရီတွင် ယင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်  ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။           သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများနှင့် သင်တန်းသား/ သင်တန်းသူ များအား မိမိတို့ဒေသခံ တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများအားလုံး အရည်အသွေး ကောင်းမွန်စွာဖြင့် ဈေးကွက်ကို တင်ပို့နိုင်ရေး၊ ကုန်ကြမ်းအနေဖြင့်သာမက ကုန်ချောအဆင့်အထိ ထုတ်လုပ်နိုင်ရေး၊ ပြုပြင်ထုတ်လုပ်လိုက်သည့် အသီးအနှံ အစားအစာများသည်လည်း အရည်အသွေး ပြည့်မီရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ ပညာ ရည်မြင့်မားမှု၊ ဒေသခံတောင်သူများအပေါ် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးနိုင်မှုသည် အဓိက…

Read More

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး လွယ်ဂျယ်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာ-တရုတ်နယ်စပ်ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်ချောမွေ့စေရေး ခရိုင်အဆင့်တာဝန်ရှိသူများနှင့်ညှိနှိုင်းဆွေးနွေး

ဗန်းမော်     ဧပြီ      ၂၂           ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ဗန်းမော်ခရိုင်၊ လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ လွယ်ကူလျင်မြန်ချောမွေ့စေရေး အတွက် စီမံဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍  ဧပြီ ၂၂ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့ မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ခရိုင်တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။           ထိုသို့ ဆွေးနွေးရာတွင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး  ဦးကျော်မင်းခိုင်က လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းကို ကိုဗစ်-၁၉ ‌ကပ်ရောဂါကြောင့်  အချိန်ကြာမြင့်စွာ ရပ်နားထားခဲ့ရာမှ ယခုအချိန်တွင် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေပြီဖြစ်သည့်အတွက် နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးထားသည့်အတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်‌ပြီး လုပ်ငန်းများ အရှိန်အဟုန် မပျက်ဆောင်ရွက်နိုင်ရေး အလေးထားလုပ်ဆောင်သွားရေး၊ ထို့အပြင် ကုန်စည်စီးဆင်းမှုမပြတ် စေရေး၊ ယခုထက် ပိုမိုလွယ်ကူမြန်ဆန်စွာ ပို့ကုန်၊သွင်းကုန်များ တင်ပို့/တင်သွင်းပြုလုပ်နိုင်ရေး တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးပမ်း‌ဆောင်ရွက်ကြရန်…

Read More

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဗန်းမော်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးလုပ်ငန်း ညှိနှိုင်းခြင်းနှင့် ခရိုင်အတွင်းရှိ IDP Camps တာဝန်ခံများနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်

ဗန်းမော်     ဧပြီ      ၂၀           ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မင်းခိုင်သည် ဗန်းမော်ခရိုင်အတွင်း၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းခြင်းနှင့် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၀ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့ မြသီတာဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ ခရိုင်၊မြို့နယ် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။           ရှေးဦးစွာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မင်းခိုင်က ဗန်းမော်ခရိုင် အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် သက်ဆိုင်ရာခရိုင်နှင့်မြို့နယ် တာဝန်ရှိသူ များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများ၊ လူမှုရေး အသင်းအဖွဲ့တို့နှင့် ပူးပေါင်း၍ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြရန် အမှာစကားပြောကြားပြီး ဗန်းမော်၊မံစီ၊မိုးမောက်မြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌတို့က မိမိတို့မြို့နယ်အလိုက်…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ် ဈေးနှုန်းဖြင့် ပုံမှန်အတိုင်းရောင်းချပေးရေး လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၂၁ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် လတ်လလောပျံ့နှံ့နေသည့် စက်သုံးဆီနှင့်ပတ်သက်သည့် သတင်းအမှားများကြောင့် မြစ်ကြီးနားမြို့ရှိ စက်သုံးဆီသုံးစွဲသူပြည်သူများ စိုးရိမ်ပူပန်မှုနှင့်အတူ အလုအယက်ဝယ်ယူနေကြသည့် အခြေအနေ များအပေါ် စက်သုံးဆီလက်လီအရောင်းဆိုင်များ သတ်မှတ်ဈေးနှုန်းဖြင့် ပုံမှန်အတိုင်း ရောင်းချနိုင် ရေးအတွက် ဧပြီ ၂၀ ရက် နံနက် ၉ နာရီက စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များနှင့် မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်း၊ သိုလှောင်းဖြန့်ဖြူးရေးဌာန (မြစ်ကြီးနား)ရုံး၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ထိုသို့တွေ့ဆုံညှိနှိုင်းစဉ် ပြည်နယ်ဝန်ကြီးက စက်သုံးဆီလက်လီရောင်းချနေသည့် အရောင်း ဆိုင်လုပ်ငန်းရှင်များ၏ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသည့် အခြေအနေများ၊ ပြည်သူ များ စိုးရိမ်ပူပန်မှုဖြင့် ဝယ်ယူမှုအပေါ် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ရောင်းချဖြန့်ဖြူးနိုင်သည့် အခြေအနေများ၊ ရောင်းချဖြန့်ဖြူးရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ လက်ရှိဖြစ်ပေါ်လျက်ရှိ သည့် အခြေအနေများ၊ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍…

Read More

ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ(MOU)ပါ လုပ်ငန်းများ ကြိုတင်ပြင်ဆင်ရေးနှင့် တိရစ္ဆာန်အစာအဖြစ် အစေ့ထုတ်ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်၍ တရုတ်နိုင်ငံသို့ တင်ပို့ရန် စီစဉ်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၂၀           ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ရေး အတွက် နားလည်မှုစာချွန်လွှာ(MOU)ပါ လုပ်ငန်းများ ကြိုတင်ပြင်ဆင်ရေး ဆပ်ကော်မတီ၏ ပဏာမ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ ၂၀ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက် အမှာစကားပြော ကြားသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် မြန်မာ- တရုတ်နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာရေးထိုး နိုင်ရေးနှင့် လုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဌာနဆိုင်ရာများနှင့် လုပ်ငန်း ရှင်အသင်းအဖွဲ့များပါဝင်သည့် ဆပ်ကော်မတီကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အချင်းချင်းပေါင်းစပ် ညှိနှိုင်းပြီး ကုန်သွယ်မှုဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးကဏ္ဍအလိုက် သီးနှံများ၊…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်(၉)ရပ်ကွက်သို့ ရေပေးဝေရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား        ဧပြီ ၁၉ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြို့နေလူထု သောက်သုံးရေအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ဧရာဝတီမြစ်ရေတင် ရေပေးဝေရေးလုပ်ငန်းနှင့် ကျိန်ခရန်ချောင်းရေ ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဧပြီ ၁၈ ရက် ညနေ ၄ နာရီက စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့သည်။             ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြည်နယ် စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုးတို့က မြစ်ကြီးနား မြို့ ရေပေးဝေရေးလုပ်ငန်းအတွက် သီတာမြစ်ရေတင် ရေပေးဝေရေးစနစ်နှင့် မြို့မ မြစ်ရေတင်ရေပေးဝေရေး စနစ် (၂)ခုဖြင့်လည်းကောင်း၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီ ရန်ပုံငွေ (JICA ODA Loan)…

Read More

ဝိုင်းမော်မြို့နယ်ရှိ တိုင်းဆာရှမ်းမျိုးနွယ်စုမိသားစုများကနှစ်ဆန်း(၁)ရက်နေ့ကုသိုလ်ကောင်းမှုအဖြစ် ရိုးရာမြီးရှည်ဆွမ်းကပ်လှူပွဲနှင့် သက်ကြီးဘိုးဘွားများပူဇော်ကန်တော့ပွဲကျင်းပ

မြစ်ကြီးနား     ဧပြီ ၁၈           ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ တိုင်းဆာ(ခ)မိုင်းသာရှမ်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီက ကြီးမှူးကျင်းပသည့် တိုင်းဆာရှမ်းမျိုးနွယ်စုမိသားစုများ၏  မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နှစ်ဆန်း(၁) ရက် နေ့အထိမ်းအမှတ် ကုသိုလ်ကောင်းမှုအဖြစ် ရိုးရာမြီးရှည်ဆွမ်းကပ်လှူပွဲနှင့် သက်ကြီးဘိုးဘွားပူဇော် ကန်တော့ပွဲ အခမ်းအနားကို ဧပြီ ၁၈ ရက် နံနက် ၈ နာရီခွဲတွင် ဝိုင်းမော်မြို့ ရပ်ကွက်(၁)ရှိ ယင်းကော်မတီရုံး၌ ကျင်းပပြုလုပ်သည်။           တိုင်းဆာရှမ်းမျိုးနွယ်စုမိသားစုများ၏ ရိုးရာမြီးရှည်ဆွမ်းဆက်ကပ်လှူပွဲနှင့် သက်ကြီး ဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က တက်ရောက် အားပေးခဲ့ကြပြီး တိုင်းဆာစာပေနှင့်ယဉ်ကျေးမှုကော်မတီအတွက် ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ ငွေကျပ် ၅ သိန်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ငွေကျပ် ၅ သိန်းနှင့်…

Read More