(၂ဝ၂၁)ခုနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဧကာဒဿမအကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

မြစ်ကြီးနား     နိုဝင်ဘာ ၁၇ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ (ဧကာဒဿမ)အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်၉နာရီခွဲ အချိန်က  မြစ်ကြီးနားမြို့ ခေမာသီဝံ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ‌‌မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြသည်။ ရှေးဦးစွာ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ် ရွက်ဆို၍  ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်သံဃာ့ဗဟိုဝန်ဆောင် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ထံမှ  တက်ရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူ ဆောက်တည် ခဲ့ပြီး သံဃာတော် အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။ ဆက်လက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဆောင်းရာသီအားကစားပွဲတော် အထိမ်းအမှတ် အခြေခံရေကူးသင်တန်းအား ဖွင့်လှစ်ပေးပြီး တန်ဆောင်‌တိုင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား         နိုဝင်ဘာ ၁၆ ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ် ရေကူးဆပ်ကော်မတီ တို့ ပူးပေါင်းဖွင့်လှစ်သည့် ဆောင်းရာသီအားကစားပွဲတော်အထိမ်းအမှတ် အခြေခံရေကူး သင်တန်း ဖွင့်ပွဲအား နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁နာရီ အချိန်က မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မနောဧရာ ရေကူးအားကစား လေ့ကျင့်ရေးကန်တွင် ကျင်းပပြုလုပ်သည်။ ဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း ၊ ပြည်နယ်တရား သူကြီးချုပ် ဦးတူးဂျာနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများအား ရေကူး သင်တန်းသား/သူ များက ဂါဝရပြု မိတ်ဆက်သည်။ ထို့နောက် ပြည်နယ်ရေကူးဆပ်ကော်မတီ ဥက္ကဌ ဦးသောင်းကြည်မှ ရေကူးသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။  အဲ့ဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က  “ရေကူးအားကစားနည်းဟာ လူတိုင်းတတ်ထား သင့်တဲ့ အားကစားနည်းတစ်ခုဖြစ်ပြီး အစဉ်အမြဲလေ့ကျင့်ကူးခတ်နိုင်ပါက ကိုယ်နေဟန်ထား လှပခြင်း၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မြစ်ကြီးနားမြို့‌၌ တည်ထောင်ဖွင့်လှစ်သွားမည့် အား/ကာ သိပ္ပံ ကျောင်း မြေနေရာနှင့် နည်းပညာတက္ကသိုလ် ပရဝဏ်အတွင်း သန့်ရှင်းသာယာလှပရေးတို့အား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား        နိုဝင်ဘာ ၁၆ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က မြစ်ကြီးနား မြို့၌ တည်ထောင်ဖွင့်လှစ်သွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာနှင့် နည်းပညာတက္ကသိုလ် ပရဝဏ်အတွင်း သန့်ရှင်းသာယာလှပရေး တို့အား နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး တို့သည် ပြည်နယ်ဝန်ကြီးများ၊တပ်မတော် အရာရှိကြီးများ ၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရေး အတွက် လျာထား သတ်မှတ်ထားသည့် မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စု၊ ပိတောက် ပယ်‌ဖျတ်ကွင်းအတွင်းရှိ မြေနေရာနှင့် အဆိုပါ‌‌ကျောင်းလျာထားမြေနေရာ အဝင်လမ်းအား ကြည့်ရှု စစ်ဆေးခဲ့ကြပြီး သတ်မှတ်မြေဧရိယာအတွင်း အား/ကာ သိပ္ပံကျောင်း အပါအဝင် မြို့ပြ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုးချဲ့ဆောင်ရွက်သွားမည့် ရှေရှည်စီမံကိန်းလုပ်ငန်း…

Read More

ကချင်ပြည်နယ် ဝန်ကြီးချုပ်က တက္ကသိုလ်/ကောလိပ်/ အထက်တန်း/အလယ်တန်း ကျောင်းသား/သူများ ကို‌ဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

မြစ်ကြီးနား          နိုဝင်ဘာ ၁၅ တက္ကသိုလ်/ကောလိပ်/အထက်တန်း/အလယ်တန်း ကျောင်းသား/သူများ ကို‌ဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၅/၂၀၂၁)အား နို၀င်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းစစ်ဦးစီးချုပ်   ဗိုလ်မှူးချုပ် မြတ်သူစိုး ၊ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူး နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်‌ရောက်သည်။ ရှေးဦးစွာ ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဌ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ”  ပြည်နယ်အတွင်း ကျောင်းအပ်နှံသည့် အခြေခံပညာ ကျောင်းသား/သူ  ၅၆၈၃၇ ဦး ရှိသည့်အနက် ၅၅.၃၁…

Read More

ကချင်ပြည်နယ် ၀န်ကြီးချုပ်က “ပန်းခင်းစီမံချက်”ဖြင့် အောက်တိုဘာလအတွင်း ဆောင်ရွက်ပြီးစီး သည့် နိုင်ငံသားစီစစ်ရေးကဒ်ပြားနှင့် အိမ် ထောင်စုလူဦးရေ စာရင်းများအား ပေးအပ်ပြီး ဆောင်းရာသီအားကစားပွဲတော် အထိမ်းအမှတ် U -17 အမျိုးသားကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘော ကျား/မ ပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား            နိုဝင်ဘာ ၁၅ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကချင်ပြည်နယ် ဦးစီးမှူးရုံး၏ အောက်တိုဘာလအတွင်း ”ပန်းခင်းစီမံချက်”ဖြင့် ကွင်းဆင်းဆောက်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသား စီစစ်ရေးကဒ်နှင့် အိမ်ထောင်စုဇယား ပေးအပ်ပွဲအား နိုဝင်ဘာလ ၁၅ရက်နေ့ နံနက် ၉ နာရီ အချိန်က မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။  ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အိမ်ထောင်စုဇယားနှင့် နိုင်ငံသား စီစစ်ရေးကဒ်ပြားဟာ ပြည်သူများ၏ လူမှုရေး၊စီးပွားရေး ၊ကျန်းမာရေး၊ပညာရေး အစရှိသော  နေရာများတွင် အသုံးပြုနေရတာဖြစ်တဲ့အတွက် မရှိမဖြစ်လိုအပ်ပါကြောင်း၊ နိုင်ငံသားစီစစ်ရေး  ကဒ်ပြားဆောက်ရွက်ပေးခြင်းဟာ နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်ပေးတာကြောင့် မိမိရဲ့ ကိုယ်ရေးအချက်အလက်များကို မှန်မှန်ကန်ကန် ဖြည့်သွင်းပေးဖို့လိုမှာဖြစ်ပြီး အထောက်အထား ပြည့်စုံမှန်ကန်ပါက လွယ်ကူလျှင်မြန်စွာ ရရှိမှာဖြစ်ပါကြောင်း၊ ရရှိလာတဲ့ နိုင်ငံသားစီစစ်ရေး ကဒ်ပြားနဲ့ အိမ်ထောင်စုယားများအား ရိုရိုသေသေ ၊ စနစ်တကျ…

Read More

ကချင်ပြည်နယ်၀န်ကြီးချုပ်က ကလပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားသို့တက်ရောက် ဆုချီးမြှင့်ပြီး (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်း ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကချင်တေးဂီတပညာရှင်များနှင့်တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား          နိုဝင်ဘာ ၁၄ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကချင်ပြည်နယ်အားကစားနှင့် ဆက်ကော်မတီမှ ကြီးမှူးကျင်းပသည့်ဆောင်းရာသီ အားကစားပွဲတော် အထိမ်းအမှတ် ကလပ်အသင်းပေါင်းစုံ(အမျိုးသား/အမျိုးသမီး)ဖိတ်‌ခေါ်ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေး‌ပွဲ အခမ်းအနားအား နို၀င်ဘာလ ၁၄ ရက်နေ့ ‌နံနက် ၁၁ နာရီအချိန်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နောင်ရာ‌ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားတူကြီးချုပ် ဦးတူးဂျာ ၊ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ ၊ဖူဆယ် အားကစားဆပ်ကော်မတီမှ တာ၀န်ရှိသူများနှင့် အားကစားသမားများ တက်ရောက်သည်။ ဦးစွာပြည်နယ်၀န်ကြီးချုပ်နှင့်အဖွဲ့၀င်များသည် ဖူဆယ်အမျိုးသားအသင်း ဗိုလ်လုပွဲ ဖြစ်သည့် ထိန်လင်းFCအသင်းနှင့် ကချင်ရီးရဲလ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစား နေမှုအား အားပေးကြည့်ရှူသည်။ယင်းနောက် ပြည်နယ်၀န်ကြီးချုပ် က Fitness Dance ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့် ပြီး ဖူဆယ်…

Read More

ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားတက္ကသိုလ်၀င်းအတွင်း သန့်ရှင်းသာယာလှ‌ပရေး အတွက်ဌာနဆိုင်ရာများ၊ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်မှ စစ်သည်၊ရဲမေများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြစ်ကြီးနား          နို၀င်ဘာ ၁၃ ကချင်ပြည်နယ် ၀န်ကြီးချုပ်ဦးခက်ထိန်နန်က ဦးဆောင်၍ မြောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်၊ ရဲမေများ၊ မီးသတ်တပ်ဖွဲ့၀င်များက နို၀င်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီအချိန်မှ စ၍ မြစ်ကြီးနား တက္ကသိုလ်၀င်းအတွင်းသန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးအားဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာခြင်းကို ပြည်နယ်၀န်ကြီးချုပ်သည်‌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရဖွဲ့၀င် ၀န်ကြီးများ၊ ပြည်နယ်၊ ခရိုင် ၊ မြို့နယ်အဆင့်၊ ဌာနဆိုင်ရာများ၊ ‌ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တပ်ရင်းတပ်ဖွဲ့များမှ စစ်သည် ၊ရဲ‌မေများ၊ မီးသတ်တပ်ဖွဲ့၀င်များနှင့် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်နှင့်ဆရာ/ဆရာမများက မြစ်ကြီးနားတက္ကသိုလ် ပရ၀ဏ်အတွင်း လမ်းဘေးဝဲ/ယာ တစ်လျှောက် ချုံ၊ နွယ်၊ သစ်ပင်များ…

Read More

ကချင်ပြည်နယ် ၀န်ကြီးချုပ်က ကို‌ဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ‌ပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး ကချင်ပြည်နယ် ဆောင်းရာသီအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အားကစားနည်းအလိုက် ဆပ်ကော်မတီများအား ဂုဏ်ပြုတွေ့ဆုံ

မြစ်ကြီးနား   နို၀င်ဘာ    ၁၂ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးခက်ထိန်နှင့်အဖွဲ့သည် နို၀င်ဘာလ ၁၂ ရက်နေ့ ၉ နာရီအချိန်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှူ စစ်ဆေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ စကားပြောကြားပြီး နှာခေါင်းစည်းMask များအားဝေငှ ခဲ့သည်။ အဲ့ဒီနောက် ပြည်နယ်၀န်ကြီးချုပ်နှင့်အဖွဲ့၀င်များသည် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ သို့ရောက်ရှိပြီး ဆောင်းရာသီအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အားကစားနည်းအလိုက် ဆပ်ကော်မတီများအား ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်သည်။  ရှေးဦးစွာ ပြည်နယ်၀န်ကြီးချုပ်က အားကစားကဏ္ဍသည် နိုင်ငံတော်၏ အမျိုးသားရေး၊ကျန်းမာရေး၊ အသိညဏ်ပညာဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးနှင့် စီးပွားရေး အခြေခံလည်း ဖြစ်သည့်အပြင် တိုင်းရင်းသားညီ အစ်ကို မောင်နှမများ ပိုမိုရင်းနှီးချစ်ခင်လာစေရေး၊ဇာတိ‌သွေး ဇာတိမာန်များ ပိုမိုထက်သန်လာစေရေး၊ လူချွန်လူကောင်းများပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်ကာကွယ်ရေးတို့အတွက်…

Read More

ကချင်ပြည်နယ် ၀န်ကြီးချုပ်က အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမြေနေရာ အတွက် တောင်သူများအား သီးနှံနစ်နာကြေးပေးအပ်

မြစ်ကြီးနား             နိုဝင်ဘာ ၁၂             ကချင်ပြည်နယ်အတွင်းတည်ထောင် ဖွင့်လှစ်သွားမည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း မြေနေရာအတွက် တောင်သူများအား သီးနှံနစ်နာကြေးပေးအပ်ပွဲကို နို၀င်ဘာလ ၁၂ ရက်‌နေ့ ညနေ ၄နာရီ အချိန်က ကချင်ပြည်နယ် အစိုးရအဖွဲ့ ရုံး မလိခ ခန်းမတွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့သားသမီးများ၊ အနာဂတ် ဦးဆောင်ကြမည့် လူငယ်မောင်မယ်များအတွက် ကျန်းမာကြံ့ခိုင်ပြီး ထက်မြက်သူများဖြစ်စေရေး၊ ကချင်ပြည်နယ်၏ အနာဂတ်အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ယခုလို အားကစားနှင့်ကာယပညာ သိပ္ပံကျောင်း မြေနေရာကိုသတ်မှတ်နိုင်ခဲ့ပြီး အကောင်အထည်ဖော်နိုင်ရေးအတွက် မိမိတို့ပိုင်ဆိုင်သည့် သီးနှံများကို စွန့်လွတ်ပေးခဲ့သည့် တောင်သူ များအား ကျေးဇူးတင်ကြောင်းပြောကြားသည်။ အဲဒီနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း လျာထား မြေနေရာနှင့် ကပ်လျက်ရှိသည့်မြေနေရာများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေ များအား…

Read More

ကချင်ပြည်နယ်၀န်ကြီးချုပ်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံသားများ နေရပ်ပြန်ရာတွင် တရား၀င် ၀င်ထွက်သွားလာ‌စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းကိစ္စရပ်များအား စနစ်တကျဆောင်ရွက်နိုင်ရေးတို့အတွက် ယူနန်ဘုံကျောင်းမှ တာ၀န်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေး

                                              မြစ်ကြီးနား     နို၀င်ဘာ  ၁၁                                                         ကချင်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်က နို၀င်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများ နေရပ်ပြန်ရာတွင် တရား၀င် ၀င်ထွက် သွားလာ‌စေရေးနှင့်  ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းကိစ္စရပ်များအား စနစ်တကျ ဆောင်ရွက်နိုင်ရေး တို့အတွက် ယူနန်ဘုံကျောင်းမှ တာ၀န်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။            ဦးစွာပြည်နယ် ၀န်ကြီးချုပ်ဦးခက်ထိန်နန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလဖြစ်တာကြောင့် အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံသားများ‌အနေဖြင့် ကန်ပိုက်တီနယ်စပ်ဂိတ် မှတဆင့် နေရပ်ပြန်ရာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံးတွင် တရား၀င် စာရင်းပေးသွင်းကာ ကိုဗစ်-၁၉ရောဂါ စစ်ဆေးခြင်း၊ လိုအပ်ပါက ကွာရန်တင်း၀င်ကာ ကျန်းမာရေးထောက်ခံချက်ဖြင့်…

Read More