ပူတာအိုဒေသဆန်ရိက္ခာဖူလုံရေး စိုက်ပျိုးရေနှင့်လယ်ယာမြေများတိုးချဲ့ဖော်ထုတ်နိုင်ရေး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
ပူတာအို နိုဝင်ဘာ ၁ ပူတာအိုဒေသ ဆန်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေလုံလောက်မှုရှိစေရေးနှင့် လယ်ယာ မြေများတိုးချဲ့ဖော်ထုတ်ပေးနိုင်ရေးနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင် ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၃၀ ရက်နှင့် ၃၁ ရက်တို့ တွင် ဒေသခံတောင်သူများ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက် ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက အောက်တိုဘာ ၃၀ ရက် နံနက် ၇ နာရီတွင် လေယာဉ်ကွင်းဈေး၌ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးအပ်ကာ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပူတာအိုလေဆိပ်၌ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၏ လေဆိပ်ပရဝုဏ်အတွင်း သစ်ပင်ခြံနွယ်များ ခုတ်ခွင်ရှင်းလင်းခြင်း၊ အမှိုက်…