ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့၊ အကောက်ခွန်မဲ့ ဆိုင်ကယ်များပပျောက်ရေး အရောင်းပြခန်း၊ အရောင်းဆိုင်များရှိ မော်တော်ဆိုင်ကယ်များ စိစစ်ဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းညှိနှိုင်းစည်းဝေး
မြစ်ကြီးနား မေ ၁၃ ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့၊ အကောက်ခွန်မဲ့ ဆိုင်ကယ်များ စိစစ်အရေးယူနိုင်ရေး၊ အရောင်းပြခန်းနှင့် အရောင်းဆိုင်များရှိ မော်တော်ဆိုင်ကယ်များ စိစစ်ဆောင်ရွက်မှုဆိုင်ရာလုပ်ငန်း များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၃ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်စီ မံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ ညှိနှိုင်းအစည်းအဝေးတွင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးခက်ထိန်နန်က နိုင်ငံတော် ၏ ဘဏ္ဍာအခွန်ရငွေဆုံးရှုံးမှုမရှိစေရေးအတွက် လိုင်စင်မဲ့ ၊ အကောက်ခွန်မဲ့ဆိုင်ကယ်များ ပပျောက် ရေးအတွက် အရောင်းပြခန်းနှင့် အရောင်းဆိုင်များရှိ မော်တော်ဆိုင်ကယ်များကို စိစစ်ဆောင်ရွက်ပြီး အရောင်းဆိုင်များအနေဖြင့် လိုင်စင်ဖြင့် ရောင်းချနိုင်ရေး၊ ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင် ရွက်လာစေရေးနှင့် စိစစ်စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအနေဖြင့် မှန်ကန် တိကျစွာဆောင်ရွက်သွားရေး မှာကြားသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ညွှန်ကြားရေးမှူးက…