ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး မြို့သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများ၊ အင်ဂျင်နီယာမှူးများ၊ အရာထမ်းများနှင့်တွေ့ဆုံ
မြစ်ကြီးနား မေ ၃၀ ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပ ရေး၊ စိမ်းလန်းစိုပြည်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင် သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် တက္ကသိုလ်မှ ဝန်ထမ်းများအင်အားစုစုပေါင်း ၁၂၀ ဦးတို့၏ မြစ်ကြီးနားတက္ကသိုလ် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တက္ကသိုလ်ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်း ဝင်းတစ်ခုလုံး ပန်းများဖြင့် ဝေဆာပြီး စိမ်းလန်းစိုပြည်သန့်ရှင်း သာယာလှပစေရေး ဆက်လက်ဆောင်ရွက် ရမည့် အစီအစဉ်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက်…