ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း မြစ်ကြီးနား- မိုးကောင်း – မိုးညှင်း မီးရထားခရီးစဉ် တိုးချဲ့ပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
မြစ်ကြီးနား မေ ၂၀ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း- မိုးညှင်း မီးရထားခရီးစဉ် တိုးချဲ့ပြေးဆွဲနိုင်ရေး ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့မီးရထားပြေးဆွဲမှု လုပ်ငန်းများကို အကြမ်းဖက်အဖွဲ့အစည်းများ၏ ဖျက်ဆီးမှုများကြောင့် မီးရထားပြေးလမ်းများပျက်စီးခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်၊ သြဂုတ်လမှစ၍ ရပ်ဆိုင်းခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် မြစ်ကြီးနား-မိုးကောင်း မီးရထားလမ်းပိုင်း ခရီးမိုင် (၃၆.၇၅)မိုင်ကို ပြန်လည်ပြုပြင်ဆောင်ရွက်ပြီး ပြေးဆွဲနိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် မိုးကောင်း- မြစ်ကြီးနားကြားရှိ ခရီးသွားပြည်သူများမှာ ခရီးစရိတ်သက်သာစွာဖြင့် သွားလာရေးအဆင်ပြေလျက်ရှိသည့် အတွက် မိုးကောင်း- မိုးညှင်းကြားရှိ ခရီးသွားပြည်သူများသွားလာရေးအဆင်ပြေစေရန် ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ…