ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လာစေလွှတ်ခဲ့သည့် မြန်မာနိုင်ငံသား ပြည်တော်ပြန်များအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့
မြစ်ကြီးနား နိုဝင်ဘာ ၆ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှတစ်ဆင့် ကန်ပိုက်တီနယ်စပ်ဂိတ်သို့ ပြန်လည်လွှဲပြောင်းလာ သော နေရပ်ပြန်မြန်မာနိုင်ငံသားများအား ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြစ်ကြီးနား မြို့၌ ခေတ္တစခန်းသွင်းနေရာချထားပေးခဲ့ရာ နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့ခဲ့ကြ သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် မိုးလုံလေလုံအားကစားခန်းမ၌ ပြည်တော်ပြန်အမျိုးသား (၉၅)ဦးတို့အား ခေတ္တစခန်းသွင်းထားရှိရာနေရာသို့ သွားရောက်ကာ ပြည်နယ်ဝန်ကြီးချုပ်က အခက် အခဲမျိုးစုံကျော်ဖြတ်ခဲ့ပြီး မိမိတို့ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည့်အတွက် စိတ်ပျက် ဝမ်းနည်းမနေဘဲ မိမိတို့၏…