
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်မှုသင်တန်းအား တက်ရောက်ဖွင့်လှစ်ပေး
မြစ်ကြီးနား သြဂုတ် ၁၂ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ဘာသာ ရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ ပါဝင်ဆောင်ရွက်မှု အား ကောင်းလာသည်နှင့်အမျှ ပါဝင်ဆောင်ရွက်သူများအနေဖြင့် ကိုဗစ်-၁၉ ကို စနစ်တကျဖြင့် တုံ့ပြန် ဆောင်ရွက်နိုင်ရေး သြဂုတ် ၁၂ ရက် နံနက် ၉ နာရီတွင် ပြည်နယ်ပြည်သူ့ကျန်း မာရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်မှုသင်တန်းဖွင့်လှစ် ပေးခဲ့သည်။ အဆိုပါ သင်တန်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီး ဌာနနှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအ နားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို အမြန် ဆုံးနည်းလမ်းဖြင့် ပြတ်ပြတ်သား ထိန်းချုပ်တိုက်ထုတ်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ယခု…