
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနားမြို့၌ တစ်ရက်လျှင် လီတာ ၄၀ ဝင်ဆံ့သည့် အောက်စီဂျင်အိုး အလုံးရေ ၁၂၀ ထုတ်လုပ်နိုင်သည့် အောက်စီဂျင်စက်ရုံ ဖွင့်လှစ်
မြစ်ကြီးနား သြဂုတ် ၃၀ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အတွက် အောက်စီဂျင်လိုအပ်ချက် ပြည့်မီဖူလုံစွာရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့ ၌ တစ်ရက်လျှင် လီတာ ၄၀ ဝင်ဆံ့သည့် အောက်စီဂျင်အိုး အလုံးရေ ၁၂၀ ထုတ်လုပ်နိုင်သည့် အောက်စီဂျင်စက်ရုံအား သြဂုတ် ၃၀ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့က ဖွင့်လှစ်ပေးခဲ့ကြသည်။ အောက်စီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနဝင်းအတွင်းရှိ စက်ရုံအဆောက်အဦရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း စတင်သည့် မေလနောက်ဆုံးပတ်မှ သြဂုတ် ၂၉ ရက်နေ့အထိ ကူးစက်ခံရသူ ၁၁၁၅၆ ဦးဖြစ်ပြီး ကုသဆဲ…