ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာသို့ ပြန်လည်အခြေချနေထိုင်မည့် နေရပ်ပြန်(IDPs) အိမ်ထောင်စု (၇၃)စုတို့အား အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများနှင့် အိမ်မိုးသွပ်များ ထောက်ပံ့ပေးအပ်
မြစ်ကြီးနား မတ် ၂၈ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်နန်ဆန်ယန်ကျေးရွာသို့ ပြန်လည်အခြေချ နေထိုင်ကြမည့် နေရပ်စွန့်ခွာယာယီခိုလှုံရာစခန်းနေ(IDPs) အိမ်ထောင်စု (၇၃)စုတို့အား အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများနှင့် အိမ်မိုးသွပ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို မတ် ၂၈ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နေရပ်စွန့်ခွာ ပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ အလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေ သကဲ့သို့ အဖွဲ့အစည်းအသီးသီးကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်နေကြပါကြောင်း၊ ယနေ့ နေရပ် နန်ဆန်ယန်ကျေးရွာသို့ ပြန်လည်အခြေချနေထိုင်မည့် အိမ်ထောင်စုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ…