ကချင်ပြည်နယ်ဝန်ကြီးချုပ် ဥပုသ်စောင့်တည်နေကြသော အစ္စလာမ်ဘာသာဝင်များအား အာဟာရဖြည့်စွက်စာများ သွားရောက်လှူဒါန်း

မြစ်ကြီးနား     ဧပြီ ၁၂           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့ရှိ မင်းရပ်ဗဟိုဗလီတွင် အစ္စလာမ်ဘာသာဝင်များ၏ ရာမဇာန်ဥပုသ်ကာလအတွင်း ဥပုသ်စောင့်တည်နေကြသော ဥပုသ်သည် များအား ဧပြီ ၁၁ ရက် ညနေ ၆ နာရီက ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံပြီး အာဟာရဖြည့်စွက်စာ များကို ဒါနပြုလှူဒါန်းခဲ့သည်။           ထို့သို့ လှူဒါန်းမှုကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးကျော်မင်းခိုင်တို့နှင့်အတူ မင်းရပ်ဗဟိုဗလီ(ဂျာမေ့အ်ဗလီကြီး) ၌ ဘာသာရေးခေါင်းဆောင်များ၊ ဥပုသ်သည်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်ကာလအတွင်း ဒါနပြုလာရောက်လှူဒါန်းရခြင်းဖြစ်ကြောင်း ပြောကြားကာ သစ်သီးခြင်း၊ မုန့်ခြင်းများတို့ကို ပေးအပ်လှူဒါန်းကြပြီး ဥပုသ်သည်များအား ကြက်သားဒံပေါက်၊ အချိုရည်၊ ရေသန့်ဗူးများ ဒါနအဖြစ် လိုက်လံပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

Read More

ပူတာအိုခရိုင်အတွင်း နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးရာနှုန်း ပြည့်ထိုးနှံနိုင်ရေး ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တာဝန်ရှိသူများနှင့်တွေ့ဆုံ

ပူတာအို   ဧပြီ   ၉             ကချင်ပြည်နယ်၊ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များတွင် ယခုနှစ် ဧပြီလကုန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေးနှင့် လုပ်ငန်းလိုအပ်ချက်များအားပေါင်းစပ်ညှိနှိုင်းပေးနိုင်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဧပြီ(၈)ရက် မွန်းလွှဲ(၂)နာရီတွင်   ပူတာအိုခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ပူတာအိုမြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ရိပ်သာဧည့်ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။             တွေ့ဆုံရာတွင်  ပြည်နယ်သယံဇာတရေးရာဝန်ကြီးက   ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ် ငန်းအား ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များတွင် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းစီမံချက်များရေးဆွဲ၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားရေး၊ကာကွယ်ဆေးသတ်မှတ်ကာလအမီ ရာနှုန်းပြည့်ထိုးနှံ နိုင်ရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် ပေါင်းစပ်ညှိနှိုင်းကူညီဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းလိုအပ်ချက် များကိုတင်ပြကြစေလိုကြောင်းပြောကြားပြီး ခရိုင်/မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဉက္ကဌနှင့်အဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်မှုအခြေအနေ၊ ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိမှုအခြေအနေများ၊ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံ နိုင်ရေးအတွက်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်လိုအပ်ချက်များ၊အခက်အခဲများ၊ပံ့ပိုးကူညီပေးရန်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လုပ်ငန်းအောင်မြင်စွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။             ထိုမှတဆင့်   ပြည်နယ်ဝန်ကြီးသည်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေလုံခြုံရေးအရ ခေတ္တတိမ်းရှောင်လာသော ဆွတ်ပီယန်ဒေသခံ ပြည်သူများအား ဒုတိယအသုတ်အဖြစ် အိမ်ထောင်စု (၁၃၉)စု၊ လူဦးရေ (၃၀၀)ကျော်တို့အား တွေ့ဆုံအားပေးထောက်ပံ့ပြီး နေရပ်ကျေးရွာများသို့ ပြန်လည်ပို့ဆောင်

မြစ်ကြီးနား     ဧပြီ ၉           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ပူတာအိုခရိုင်အတွင်းရှိ ဆွတ်ပီယန်ကျေးရွာအုပ်စုနှင့် လုံရှာယန်ကျေးရွာအုပ်စုများမှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့နယ်အတွင်း နေရပ် စွန့်ခွာတိမ်းရှောင်လာသော ဒေသခံပြည်သူများအား ၎င်းတို့၏ နေရပ်ကျေးရွာများသို့ ပြန်လည် နေထိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၉ ရက် နံနက် ၈ နာရီခွဲက စီတာပူရပ်ကွက်ရှိ မနောကွင်းအတွင်း စုရပ်ပြုလုပ်ပြီး ဒုတိယအသုတ်အဖြစ် နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။           ထိုသို့ဆောင်ရွက်ရာတွင် မနောကွင်းအတွင်း စုရပ်ပြုလုပ်၍ ဒုတိယအသုတ်အဖြစ် နေရပ် စွန့်ခွာတိမ်း‌ရှောင်လာသော အိမ်ထောင်စု (၁၃၉)စု၊ လူဦးရေ (၃၈၆)ဦးတို့အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်လိုက်ပါပို့ဆောင်ပေးကြမည့် ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များမှ ဘုန်းတော်ကြီးများ၊ တာဝန်ရှိသူများနှင့် နေရပ်ပြန်ပြည်သူ များအား ရင်းရင်းနှီးနှီးသွား ရောက်တွေ့ဆုံအားပေးခဲ့ကြသည်။ တွေ့ဆုံအားပေးစဉ်…

Read More

ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပိုမိုလျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေခြင်းဆိုင်ရာအစီအစဉ် Unboxing Investment Facilitation Toolkit 2022 ကို ရှင်းလင်းမိတ်ဆက်

မြစ်ကြီးနား     ဧပြီ ၉ ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ပြည်နယ်အတွင်း စီးပွား ရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍ ပိုမိုလျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး အစီအစဉ်များ Unboxing Investment Facilitation Toolkit 2022 မိတ်ဆက်ခြင်းအခမ်းအနားကို ဧပြီ ၈ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်သည် သဘာဝသယံဇာတ ပေါကြွယ်ဝပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြင့် နိုင်ငံတော်ဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာတိုးတက်မြင့်မား လာနိုင်သည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ပိုမိုလွယ်ကူ မြန်ဆန်စေရေးနှင့် တစ်နေရာတည်းတွင် အွန်လိုင်းဝန်ဆောင်မှုမှ တစ်ဆင့် မိမိတို့ ရင်းနှီးမြှုပ်နှံလုပ် ကိုင်လိုသည်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာမှုရှိစွာ၊ လွယ်ကူချောမွေ့စွာ…

Read More

ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းမျိုးနွယ်စုအားလုံးပါဝင်သည့် တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မြစ်ကြီးနား     ဧပြီ ၉           ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ အားလုံးပါဝင်သည့် ပြည်နယ်တိုင်းရင်း သားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ပထမဆုံးအကြိမ် အဖြစ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ဧပြီ ၈ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်သူ့အားကစားကွင်း၌ နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။           အဆိုပါ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲကို ကချင်မျိုးနွယ်စု (၆)သင်း၊ ရှမ်းမျိုးနွယ်စု (၅)သင်းနှင့် ဗမာတိုင်းရင်းသား (၁)သင်း စုစုပေါင်း ဘောလုံးအသင်း (၁၂)သင်းဖြင့် မတ် ၂၅ ရက်မှ စတင်၍ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဗိုလ်လုပွဲတွင် ဗိုလ်လုပွဲစဉ်အဖြစ် ဇိုင်းဝါး FC အသင်းနှင့် ဗမာ FC အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင် ပူတာအိုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးပြီး ၀န်ထမ်းများနှင့်တွေ့ဆုံ

ပူတာအို ဧပြီ ၁၀           ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်သည် တာ၀န်ရှိသူ များနှင့်အတူ ပူတာအိုခရိုင်အတွင်းရှိ ပူတာအို/မချမ်းဘော့မြို့နယ်များရှိ ရပ်ကွက် ကျေးရွာများသို့ဖြန့်ဖြူးပေး လျက်ရှိသော(၃.၂)မဂ္ဂါ၀ပ်ရှိ အထက်နမ့်ထွမ်ရေးအားလျှပ်စစ်စက်ရုံမှဓါတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေ များကို ဧပြီ(၉)ရက် နံနက်(၉)နာရီကကွင်းဆင်းစစ်ဆေးသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ၌ စက်ရုံမှူး လက်ထောက် အင်ဂျင်နီယာ ဦးတေဇာလင်း၏ အထက်နမ့်ထွမ်ရေအားလျှပ်စစ် စက်ရုံမှဓါတ်အား ထုတ်လုပ်မှုအခြေအနေ၊ လုပ်ငန်းလိုအပ်ချက်များနှင့်ပတ်သက်၍ရှင်းလင်းတင်ပြမှုများညှိနှိုင်းဆောင်ရွက်ပေးခဲ့ ပြီး ရေထိန်းကန်နှင့် ပင်မ စက်ရုံလည်ပတ်မှုအခြေအနေတို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုမှတဆင့် ပြည်နယ်၀န်ကြီးသည်  ခရိုင်ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် ၀န်ထမ်းများနှင့်တွေ့ဆုံကာ သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာနသည် ကြီးကျယ် ခမ်းနားပြီး အရေးကြီးသည့်အခန်းကဏ္ဍတစ်ခုတွင်ပါ၀င်သည့် ၀န်ကြီးဌာနတစ်ခုဖြစ်ပါကြောင်း၊ ၀န်ထမ်းများ အနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့်ရှေ့လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပေးရ မှာဖြစ်ပါကြောင်း၊ဌာန၏လုပ်ငန်းများကိုတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်စေလိုကြောင်းပြောကြားပြီး ခရိုင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတူးခေါင်က ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များနှင့်…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့က သင်္ကြန်ကာလ ဒုလ္လဘရဟန်းခံ ဝန်ထမ်းများအား သိမ်ဆင်းလောင်းလှူပူဇော်

မြစ်ကြီးနား     ဧပြီ ၈           ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ မဟာသင်္ကြန်ကာလအတွင်း အရာထမ်း၊ အမှုထမ်းများ၏ စုပေါင်း ဒုလ္လဘရဟန်းခံ အလှူမင်္ဂလာပွဲတော် ကျင်းပပြုလုပ်ခဲ့ကြပြီး ဧပြီ ၈ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ကျောင်းတိုက်၌ ဒုလ္လဘရဟန်း/ သံဃာတော်များအား သိမ်ဆင်းလောင်းလှူပူဇော်ခဲ့ကြသည်။           သိမ်ဆင်းလောင်းလှူခြင်းကို ဒုလ္လဘရဟန်းခံ သံဃာတော်များအား ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးနှင့် ခရိုင်၊ မြို့နယ်အရာထမ်း၊ အမှုထမ်းများ၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင် များ၊ ဒုလ္လဘရဟန်းခံဝန်ထမ်းများ၏ မိသားစုဝင်များက သိမ်ဆင်းရဟန်း ၃၈ ပါးတို့အား ဆွမ်း၊ ကွမ်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။…

Read More

ဖားကန့်ဒေသတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျှော့ချနိုင်ရေးနှင့် ဒေသပြန်လည်စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲ၍ အလေးထားလုပ်ဆောင်ရန်လိုအပ်

မြစ်ကြီးနား     ဧပြီ ၇           ကချင်ပြည်နယ်အတွင်း ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဒေသတစ်ခုဖြစ်သည့် ဖားကန့် ဒေသတွင် သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုလျှော့ချနိုင်ရေးနှင့် ဒေသပြန်လည်စိမ်းလန်း စိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲ၍ အလေးထားလုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဧပြီ ၇ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည့် ဖားကန့်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ဥရုချောင်း ရှင်းလင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မှာကြားခဲ့ ကြောင်းသိရှိရသည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ဖားကန့်ဒေသတွင် နှစ်စဉ် မိုးရာသီရောက်တိုင်း ဥရုချောင်း ရေကြီးရေလျှံမှုဖြစ်စဉ်များ၊ မြေစာပုံလျှောကျမှုဖြစ်စဉ်များစသည့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှု လျှော့ချနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ယခုနှစ် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းအတွက် ပျိုးပင်များနှင့် ရန်ပုံငွေများ…

Read More

မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်အပါအဝင် လမ်းလျှောက်သင်္ကြန်ပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိ

မြစ်ကြီးနား     ဧပြီ ၈           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက် သင်္ကြန်ပွဲတော်ပါ ထည့်သွင်းကျင်းပပြုလုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။           သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် မြစ်ကြီးနားမြို့ ရုံးကြီးလမ်းနှင့် အား/ကာတိုက်တန်းလမ်းထောင့် မြို့တော်ခန်းမ ရှေ့၌  ကချင်ပြည်နယ်အစိုးရအဖွဲ့၏ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် ရေကစား မဏ္ဍပ်ကို စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်လျက်ရှိရာ ၈၀ ရာခိုင်နှုန်းကျော်ဆောင် ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် မင်းရပ်ရပ်ကွက်ရှိ ပြည်သူ့ရင်ပြင်အတွင်းနှင့် ဧရာဦးပန်းခြံအထိ ကမ်းနား လမ်းတစ်လျှောက်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်ပါ ထည့်သွင်းကျင်းပနိုင်ရေးကိုလည်း ပုသိမ်ထီး များဖြင့် အလှဆင် ချိတ်ဆွဲထားပြီး ရေပန်းပိုက်များတပ်ဆင်၍ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။…

Read More

ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်မှု ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီး

မြစ်ကြီးနား     ဧပြီ ၆           ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်မှု ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ဧပြီ ၆ ရက် နံနက် ၉ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် သည့် ပြည်နယ်အဆင့်ပန်းခင်းစီမံချက်အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးမှ သိရှိရသည်။           အဆိုပါအစည်းအဝေးတွင် ပြည်နယ်အဆင့်ပန်းခင်းစီမံချက်အကောင်အထည်ဖော်ရေးဆိုင်ရာ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်နေ့မှ စတင်၍ ယနေ့အထိ ဆောင်ရွက်ပေးရမည့် လူဦးရေစုစုပေါင်း (၂၀၁၃၆၆)ဦး အနက် (၁၆၂၃၃၆)ဦးကို ထုတ်ပေးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ရာခိုင်နှုန်းအားဖြင့် (၈၀.၆၂)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ကျန်ရှိသည့် (၃၉၀၃၀)ဦးအတွက်ကိုလည်း စီမံချက်သတ်မှတ်…

Read More