ကချင်ပြည်နယ်သယံဇာရေးရာဝန်ကြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များ စိမ်းလန်းစိုပြေရေး အတွက်သစ်ပင်များ ဖြန့်ဝေစိုက်ပျိုးနိုင်ရေး ပျိုးဥယျာဉ်များ ပျိုးထောင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား မတ် ၁၇ ကချင်ပြည်နယ်သယံဇာရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များ စိမ်း လန်းစိုပြေလာစေရေးအတွက် အရိပ်ရသစ်ပင်များ ဖြန့်ဝေစိုက်ပျိုးနိုင်ရေး သစ်တောဦးစီးဌာနပိုင် ပျိုးဥယျာဉ်များ တည်ထောင်စိုက်ပျိုးထားရှိမှုကို မတ် ၁၇ ရက် ညနေ ၃ နာရီတွင် လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ နောင်တာလော ကျေးရွာ ပြည်နယ်သစ်တောဦးစီးဌာနပိုင် မြို့မပျိုးဥယျာဉ်အတွင်း ကချင်ပြည်နယ်တစ်ဝှမ်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် မြို့တွင်း လမ်းဘေး ဝဲ/ ယာများတွင် ဖြန့်ဝေစိုက်ပျိုးနိုင်ရေး လူထုဖြန့်ပျိုးပင်များ၊ ကျေးရွာထင်းသုံးစိုက်ခင်းနှင့် သီးနှံသစ်တောရောနှောစိုက်ခင်းများအတွက် ပျိုးထောင်ထားသည့် ကျွန်း၊ ပျဉ်းကတိုး၊ ယမနေ၊ မယ်ဇလီအပါအဝင် သစ်ပင်ကြီးမျိုး ၁၇၃၀၄ ပင် စိုက်ပျိုးထားရှိမှု အခြေအနေများကို…