ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု ၆၃ ရာခိုင်နှုန်းကျော် ဆောင်ရွက်ထားပြီးဖြစ်သော်လည်း ဧပြီလကုန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
မြစ်ကြီးနား ဧပြီ ၆ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု ၆၃ ရာခိုင်နှုန်းကျော် ဆောင်ရွက်ထားပြီးဖြစ်သော်လည်း ဧပြီလကုန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ခရိုင်၊ မြို့နယ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၆ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း အသက် (၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေ (၉)သိန်းကျော်ရှိပြီး ကာကွယ်ဆေး ထိုးနှံပြီးစီးမှုမှာ ရာခိုင်နှုန်းအားဖြင့် ၆၃.၂၀ ရာခိုင်နှုန်းထိုးနှံပြီးဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်ပြီး ကျန်ရှိနေသည့် ပြည်သူများအား သတ်မှတ်ချိန်အမီ အပြီးထိုးနှံနိုင်ရေး အခက်အခဲ၊ အကြပ်အတည်း၊ အားနည်းချက်များကို မိမိတို့အစိုးရအဖွဲ့နှင့်အတူတကွ ညှိနှိုင်းပေါင်းစပ်၍ ရာနှုန်း…