ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သန့်ရှင်း၍ စိန်းလမ်းစိုပြေသော ကျောင်းများ ပေါ်ထွန်းလာစေရေးအတွက် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းစစ်ဆေးကာ ပန်းအလှပင်များနှင့်ပျိုးပင်များပေးအပ်
မြစ်ကြီးနား နိုဝင်ဘာ ၁၅ ကချင်ပြည်နယ်အတွင်း သန့်ရှင်းရေးစိန်းလမ်းစိုပြေသောကျောင်းများ (Clean and Green School) ပေါ်ထွန်းလာစေရေးနှင့် သန့်ရှင်း၍ စိန်းလမ်းစိုပြေသောကျောင်းဆု(Clean and Green School Award) ချီးမြှင့်နိုင်ရေးအတွက် သန့်ရှင်း၍ စိန်းလမ်းစိုပြေသောကျောင်းများ အကောင် အထည်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သည် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ အခြေခံပညာကျောင်းများသို့ တာဝန်ရှိသူများ နှင့်အတူ သွားရောက်ကွင်းဆင်းစစ်ဆေးကာ ပန်းအလှပင်နှင့် ပျိုးပင်များ ပေးအပ်ခဲ့သည်။ ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ပညာရေးမှူး၊ သစ်တောဦးစီး ဌာန ပြည်နယ်ဦးစီးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ တာဝန်ရှိသူများနှင့် အတူ သီတာရပ်ကွက်ရှိ အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း၊ အလယ်ကုန်းရပ်ကွက်ရှိ အမှတ် (၄)…