ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းဒေသကြီး/ပြည်နယ်အသက်၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် U-21 ဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်
မြစ်ကြီးနား ဇွန် ၁၄ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဇွန် ၂၄ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ပေးအပ်ခဲ့သည်။ အောင်နိုင်ရေးအလံပေးအပ်ပွဲတွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေး မှူးဦးအောင်သူက ပြည်နယ်လက်ရွေးစင်U-21ဘောလုံးအသင်းဝင်ရောက်ယှဉ်ပြိုင်သွားမည့်အစီအမံများ နှင့် ပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် လက်ရွေးစင်အားကစားသမားများမွေးထုတ်ပေး နိုင် ရေး ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး လက်ရွေးစင်ဘောလုံးအသင်း အုပ်ချုပ်သူ၊ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေးကိုက U-21 ဘောလုံးအသင်းအောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး…