ကချင်ပြည်နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်
မြစ်ကြီနား နိုဝင်ဘာ ၂ ကချင်ပြည်နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ အား ခရိုင်များသို့ တာဝန်ပေးအပ်ပွဲနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အထိ (၅)နှစ် ဒေသန္တရစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် မြစ်ကြီးနားမြို့၌ Safe & Sure Auto Service Co., Ltd ဖွင့်ပွဲအခမ်းအနားများကို နိုင်ဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကချင်ပြည်နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ မတ်လအထိ (၆)လ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (၆)လဒေသန္တရစီမံကိန်း ဒေသန္တရစီမံကိန်းတွင် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အနေဖြင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဝန်ကြီးဌာန(၁၃)ခုတို့အတွက်…