ကချင်ပြည်နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ မြစ်ကြီးနားမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ထပ်မံရောက်ရှိ
မြစ်ကြီးနား အောက်တိုဘာ ၂၂ ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည် အုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြစ်ကြီးနားမြို့ နန်ပေါင်လေဆိပ်သို့ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm များကို တပ်မတော်လေယာဉ်ဖြင့် ထပ်မံရောက်ရှိခဲ့သည်။ တပ်မတော်လေယာဉ်ဖြင့် လာရောက်ပို့ဆောင်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း၊ တပ်မတော်အရာရှိကြီးများနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်နှင့် ဝန်ထမ်းများက ရောက်ရှိ လာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အလုံးရေ ၇၁၂၀ လုံး၊ ထိုးနှံပေးနိုင်သည့် လူဦးရေ စုစုပေါင်း ၃၅၆၀၀ တို့အတွက် စစ်ဆေး၍ လွှဲပြောင်းလက်ခံရယူခဲ့ကြသည်။ …