ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ပန်းခင်း စီမံချက် အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လျှောက်ထားလာမှုအပေါ် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ခွင့်ပြုပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများဆောင်ရွက်
မြစ်ကြီးနား အောက်တိုဘာ ၈ ကချင်ပြည်နယ်အဆင့် ပန်းခင်း စီမံချက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေး ပြည်နယ်အဆင့် ပန်းခင်းစီမံချက်အကောင် အထည်ဖော်ရေးဆိုင်ရာ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအဖွဲ့ဝင်များ၏ ညှိနှိုင်းအစည်း အဝေးကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည်။ အစည်းအဝေးတွင် ပြည်နယ်အဆင့် ပန်းခင်း စီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း မြို့နယ် ပေါင်း ၁၈ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၁၈၁၁၇)ကတ် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဆောင်ရွက်ပေးရမည့်ဦးရေ (၂၀၁၃၆၆)ဦးနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ…