ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပလနကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများနှင့် တွေ့ဆုံ၊ တက္ကသိုလ်ဒီဂရီကောလိပ်များသို့ သင်ကြားရေးလုပ်ငန်းဆောင်ရွက်နေသူများအား သွားရောက်ကြည့်ရှုအားပေး
မြစ်ကြီးနား မေ ၈ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မေ ၈ ရက် နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စုအတွင်းရှိ ပလန(၁၊၂၊၃၊၄၊၅)နှင့် ငွေပျော်စံပြကျေးရွာများမှ ပြည်သူများနှင့် ပလန(၂)ကံ့ကော်မြိုင်ကျေးရွာ၊ ရွှေကံကော်ခန်းမ၌ တွေ့ဆုံခဲ့ကြသည်။ ပြည်သူများနှင့်တွေ့ဆုံရာတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က လက်ရှိ ပြောင်းလဲဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးတည်ချက်(၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်တို့ကို ချမှတ်၍ ဆောင်ရွက်နေသည့် အခြေအနေများ ကိုရှင်းလင်းပြောကြားပြီး မိမိတို့ စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကြားကာလတာဝန်ယူဆောင်ရွက် ရသော်လည်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ မိမိတို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းနှင့် အားလုံးအတူ တကွလက်တွဲပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း…