ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုကို ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား ဧပြီ ၂၃ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စည်ပင်သာယာ ရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဧပြီ ၂၃ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့တွင်း လှည့်လည်ကွင်းဆင်းကြည့် ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာချုပ် ဦးမျိုးဝင်း၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မြို့တော်ခန်းမဝင်းအတွင်းရှိ စည်ပင်သာယာရေးအဖွဲ့၏ ပျိုး ဥယျာဉ်ခြံအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့တွင်း လမ်းမများ၏ ဘေး/ဝဲယာတွင် စိုက် ပျိုးသွားမည့် သပြေဘူတ၊ ပုန်းညှက်၊ ခရေ၊ ရေတမာ၊ သပြေ၊ မန်ဂျန်ရှားစသည့် အရိပ်ရသစ်ပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အောင်ဇေရန်အောင်ဘုရားရှေ့ မီးတိုင်နှင့် မြေယာရှုခင်းပြုလုပ်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။…