ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံဖြိုးတိုးတက်စေရေးနှင့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
ဗန်းမော် သြဂုတ် ၁ ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး နေကြာသီးနှံ စိုက်ခင်းများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများ နှင့်အတူ ဇူလိုင် ၃၁ ရက်က ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက နံနက် ၈ နာရီတွင် ဗန်းမော်မြို့နယ်အတွင်းရှိ ခေတ်မီစံပြကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည့် မံရေးကျေးရွာရှိ ကွင်းအမှတ်(၁၅၄) ဦးပိုင်အမှတ်(၄) တောင်သူ ဦးဇော်လင်းအောင်၏ လယ်၌ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၉၀)စက်မှုလယ်ယာစခန်း (ဗန်းမော်မြို့)က ကောက်စိုက်စက်ဖြင့် တောင်သူအသိပညာပေး မိုးစပါးသရုပ်ပြစိုက်ပျိူးပွဲသို့…