ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင် (၄)မှတ်တမ်းပါ အချက်အလက်များအား ကွန်ပျူတာစနစ်ဖြင့် Data Base ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ငွေကျပ်သိန်း(၁၅၀၀)ကျော်တန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် လူနာယာဉ်(၁)စီး လှူဒါန်းပွဲသို့ တက်ရောက်
မြစ်ကြီးနား မေ ၅ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ရုံး၏ ကြီးကြပ်မှုဖြင့် နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အချက်အလက်များအား Excel Software ဖြင့် Data Base ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ မေ ၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့၌ ဝန်ထမ်းများ စုဖွဲ့ဆောင်ရွက်လျက်ရှိသည့် နေရာများသို့ လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထိုသို့လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးဟောင်း၌ ဝန်ထမ်းများ၏ နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်နှင့် အချက်အလက်များကို Excel ဖြင့် စိစစ်တိုက် Data ရေးသွင်းနေမှု လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။ ထိုမှတစ်ဆင့်…