ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အေးချမ်းပျော်ရွှင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဧပြီ ၅ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် မြန်မာနှစ်ဆန်း(၁)ရက်နေ့သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲများအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့်ဆပ်ကော်မတီ များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၅ ရက် ညနေ ၃ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်သည်။ ရှေးဦးစွာ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူးအခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သင်္ကြန်ပွဲတော်သည် အများပြည်သူအားလုံး ပါဝင်ဆင်နွှဲသည့် ပွဲတော်ဖြစ်သည့်အတွက် တည်တည် ငြိမ်ငြိမ်ဖြင့် အေးချမ်းလုံခြုံပျော်ရွှင်စွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ထို့အပြင် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နှစ်သစ်ကူးကုသိုလ်ကောင်းမှုပြုသည့် အခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီအသီးသီးအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန် များ ကို ကျေပွန်စွာဖြင့် ပူးပေါင်းချိတ်ဆက်…